လဲချားဟော်နန်း

Listing Description

ရှမ်းပြည်နယ် လဲချားမြို့တွင် တည်ရှိသည်။ လဲချားဟော်နန်းကို နှစ်ကြိမ်တည်ဆောက်ခဲ့ပြီး ပထမဟော်နန်းမှာ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးထိမှန်၍ ပျက်စီးသွားခဲ့သဖြင့် ၁၉၅၆ ခုနှစ်တွင် လဲချားစော်ဘွား စဝ်နွံက ယခုဟော်နန်းကို ပြန်လည်တည်ဆောက်ခဲ့သည်ဟု သိရသည်။ နှစ်ထပ်တိုက်အဆောက်အအုံဖြစ်ပြီး ယခုအခါ စော်ဘွား၏ မျိုးဆက်များက ဘုန်းကြီးကျောင်းအဖြစ် လှူဒါန်းထားသည်။ ဒေသခံများက “ကျောင်းဟော်” ဟုလည်း ခေါ်တွင်ကြပြီး ကျောင်းတိုက်အတွင်းရှိ သမိုင်းပြခန်းတွင် လဲချားစော်ဘွားအဆက်ဆက်က ဓာတ်ပုံများ၊ ရွှေချထားသော ရှေးဟောင်းပေစာ၊ ပုရပိုက်စာများ၊ ပထမဆုံး လက်နှိပ်စက်၊ အနောက်တိုင်း စားပွဲတင်နာရီစင်အသေး၊ ချည်ငင်ဝါဖတ်သည့် လက်လှည့်သစ် သားစက်လေး၊ ယွန်းပစ္စည်းများ၊ ကွမ်းစားထုံးထည့်သည့် ငွေထည်၊ ကြေးထည် ပစ္စည်းးများ ပြသထားသည်။