လိုင်ရိုးတော်ဓာတ်စေတီ

Listing Description

 ပေါက်တောမြို့နယ် ကပေါတဂီရိတောင်ပေါ်တွင် တည်ရှိသည်။ သာသနာ သက္ကရာဇ် ၂၂၂ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့တွင် ရခိုင်ဘုရင် သူရိယစက္ကမင်းကြီးနှင့် မိဖုရား ရုဓိတာတို့က ဘုရားရှင်၏ လည်ရိုးတော်ဓာတ်ကို ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့သည်ဟု သိရသည်။ ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံမှုများကြောင့် ယခုအခါ စေတီတော်မှာ အသစ်တည်ထားသကဲ့သို့ ရှိနေသည်။