ကရသူရိ နိုဝင်ဘာ ၈
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကို ယနေ့ နံနက် ၆ နာရီမှ စတင်ဖွင့်လှစ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့ ရပ်ကွက် / ကျေးရွာများရှိ မသန် စွမ်းသူများနှင့် မဲဆန္ဒရှင်ပြည်သူများ မွန်းလွဲ ပိုင်းအထိ ဆန္ဒမဲများကို သက်ဆိုင်ရာမဲရုံများသို့ လာရောက်ဆန္ဒမဲပေးကြသည်။
အေးချမ်းစွာ ဆန္ဒမဲပေး
မသန်စွမ်းမဲဆန္ဒရှင်များ ဆန္ဒမဲပေးနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအရ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆန္ဒမဲ ပေးနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူ များက ကူညီဆောင်ရွက်ပေးပြီး မဲဆန္ဒရှင် ပြည်သူများက အေးချမ်းစွာဆန္ဒမဲပေးကြ သည်။
စိုးဝင်း(ပြန်/ဆက်)