ကျိုက္ကလွန်ပွန်းစေတီ

Listing Description

ကျိုက်က္ကလွန်းပွန်းစေတီသည် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့တွင်တည်ရှိသည့် ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီးဖြစ်သည်။ စေတီတော်၏ သမိုင်းကြောင်းအရ သုဝဏ္ဏဘုမ္မိ(သထုံ)မင်းများ၏ (၁၈) ဆက်မြောက်ဘုရင် ယုဂန္ဓကုမ္မာလက်ထက်က အရှင်သောနနှင့် အရှင်ဥတ္တရ ရဟန္တာမထေရ်မြတ် နှစ်ပါးတို့က မောရတောင်တွင် သီတင်းသုံးရင်း ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်မွေတော်များကို ဌာပနာ၍ တစ်လံခန့်ရှိသော စေတီကို စတင်တည်ထားခဲ့ပြီး နောက်ပိုင်းသာသနာသက္ကရာဇ် ၄၄၇ ခုနှစ်တွင် ပဲခူးဘုရင် ဓနုသင်္ဂဟမင်းမှ မူလစေတီငယ်ကိုငုံ၍ မိုးတိမ်ထိနီးစေတီကြီး တည်ခဲ့သည်ဟု ဆိုပါသည်။ ဆက်လက်၍ ပုသိမ်သမုဒ္ဓဃောသမင်း၏ မိဖုရား ဥမ္မာဒန္တီက မိဖုရားမဖြစ်မီမှာပင် သာသနာသက္ကရာဇ် ၇၀ဝ ပြည့်နှစ်တွင် ပြုပြင်တည်ခဲ့ပြန်သည်။ ထို့နောက် ခေတ်ကာလ အဆက်ဆက်တွင် ရှေးဘုရင်များ ဖြစ်ကြသော ဓမ္မစေတီမင်း၊ တပင်ရွှေထီးမင်းတို့မှလည်း ပြုပြင်မွမ်းမံခဲ့ကြပြီး မင်းအဆက်ဆက် ကိုးကွယ်ခဲ့သည့် ရှေးဟောင်းစေတီတော်ကြီးတစ်ဆူဖြစ်ကြောင်း သိရပါသည်။ သမိုင်းဝင် စစ်သူကြီး မဟာဗန္ဓုလ၏ ဓနုဖြူခံတပ်ကြီးသည် ကျိုက္ကလွန်ပွန်းစေတီတော်ကြီးကို ပတ်ရံ၍ ဆောက်လုပ်ထားသော ခံတပ်ကြီးဖြစ်ပါသည်။