ကျော်ဆု

Listing Description

၁၉၈၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဦးသိန်းအောင်နှင့် ဒေါ်အေးအေးခိုင်တို့မှ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်အနက် ဒုတိယမြောက်သားဖြစ်သည်။ ညီဖြစ်သူ လွှမ်းပိုင်သည် အောင်မြင်သော အဆိုတော်၊ တေးရေးဆရာ၊ သရုပ်ဆောင်တစ်ဦးဖြစ်သည်။ အတန်းပညာကို အ.ထ.က (၂) တောင်ငူ တွင် တက်ရောက်သင်ကြားခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် တောင်ငူတက္ကသိုလ်မှ သတ္တဗေဒဘွဲ့ဖြင့် B.Sc Zoology ဘွဲ့ရခဲ့သည်။

လွှမ်းပိုင်၏ သီချင်းဗီဒီယိုများတွင် စတင်သရုပ်ဆောင်ခဲ့ပြီး အနုပညာလောကထဲသို့ ဝင်ရောက်လာခဲ့သည်။ ထို့နောက်တွင် MRTV-4 ၏ ရုပ်သံစီးရီး ရိုက်ကူးထုတ်လွှင့်မှုအတွက် သရုပ်ဆောင်သစ် ခေါ်ယူသည့်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Forever Group မှ မျက်နှာသစ် သရုပ်ဆောင်အဖြစ် ၂၀၁၂ ခုနှစ်တွင် ရွေးချယ်ခြင်းခံခဲ့ရသည်။

၂၀၁၃ ခုနှစ်တွင် Forever Group မှ စီစဉ်ရိုက်ကူးပြီး MRTV-4 မှ ထုတ်လွှင့်ပြသသော “ထာဝရမန္တလေး” ရုပ်သံဇာတ်လမ်းတွဲတွင် ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့ပြီး နာမည်ကြီးလူကြိုက်များသည့် ရုပ်သံဇာတ်လမ်းတွဲ ဖြစ်ခဲ့သည်။ ထို့နောက် ဇာတ်လမ်းတွဲများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ပါဝင်သရုပ်ဆောင်ထားသော ဇာတ်လမ်းတွဲများ -

ထာဝရမန္တလေး (၂၀၁၃)

Flowers and Butterflies (၂၀၁၃)

Happy Beach (၂၀၁၃)၊

The Sign of Love (၂၀၁၄)

ပန်းနုသွေး (၂၀၁၅)

လူရည်ချွန် (၂၀၁၆)

ချစ်သူထွင်းတဲ့ အက္ခရာ (၂၀၁၇)

ဥယျာဉ်မှူးဖြစ်ဖူးချင်သည် (၂၀၁၇)

ပျော်ရွှင်ခြင်းဝိညာဉ် (၂၀၁၈)

ရွှေဖူးစာဆုံရာမြေ (၂၀၁၈)

Toxic (2018)

အခန်းနံပါတ်? (၂၀၁၉)

Legends of Warriors (၂၀၂၀)

သရဖူ (၂၀၂၂)