ကျော်သူ

Listing Description

ဦးစိန်တင်၊ ဒေါ်မြသန်းတို့မှ ၁၉၅၉ နိုဝင်ဘာလ ၂ ရက်တွင် ရန်ကုန်၌ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ကျော်ဝင်း ဖြစ်သည်။ ငယ်စဉ်က အ.ထ.က (၁) ဒဂုံတွင် ပညာသင်ကြားခဲ့ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ်တက်ရောက်ခဲ့သည်။ ရုပ်ရှင်လုပ်ငန်းတွင် ဇောက်ချလုပ်ကိုင်လို၍ တက္ကသိုလ်နောက်ဆုံးနှစ်တွင် ကျောင်းထွက်ခဲ့သည်။ တက္ကသိုလ်ကျောင်းဝင်းတွင် ကျောင်းတက်နေစဉ် ဇနီးဖြစ်လာမည့် မြင့်မြင့်ခင်ဖေ နှင့် ၁၉၇၈ တွင် တွေ့ဆုံခဲ့သည်။ ထို့နောက် မြင့်မြင့်ခင်ဖေ (ခ) မရွှေဇီးကွက်နှင့် လက်ထပ်ခဲ့ပြီး၊ သား ပြည်သိန်းကျော် နှင့် သမီး မြင်းမိုရ်ဦး တို့ မွေးဖွားခဲ့သည်။

ရုပ်ရှင်လောကသို့ ၁၉၈၄ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး ရုပ်ရှင်သက်တမ်းအနှစ် နှစ်ဆယ်ကျော်အတွင်း ရုပ်ရှင်ကား ၂၀ဝ ကျော်တွင်ပါဝင်၍ ဒါရိုက်တာအဖြစ် ရုပ်ရှင် ၆ ကား ရိုက်ကူးခဲ့သည်။

"တပြည်သူမရွှေထား" ရုပ်ရှင်တွင် အကောင်းဆုံးသရုပ်ဆောင်ခဲ့သည့်အတွက် ၁၉၉၄ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆု ကို ရရှိခဲ့သည်။

ဒုတိယအကယ်ဒမီဆုကို ၂၀ဝ၃ ခုနှစ်၏ "အမေ့နို့ဖိုး" ရုပ်ရှင်ကားအတွက် အကောင်းဆုံးဒါရိုက်တာဆုကို ရရှိခဲ့သည်။

သူသည် ဆင်းရဲသားများအား အခမဲ့နာရေးအကူအညီပေးသည့် အခမဲ့နာရေးကူညီမှုအသင်းကို ဆရာကြီး ဦးသုခနှင့်တွဲဖက်၍ ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ၂၀၀၈ ခုနှစ်အထိ ယင်းအသင်းသည် နာရေးကိစ္စပေါင်း ငါးသောင်းကျော် ကူညီခဲ့သည်ဟုသိရသည်။