ခေမာရဋ္ဌဗျာဒိတ်ပေးရပ်တော်မူဘုရားကြီး

Listing Description

ခေမာရဋ္ဌဗျာဒိတ်ပေးရပ်တော်မူဘုရားကြီးသည် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ အမှတ် (၁) ရပ်ကွက်၊ စွမ်ဆပ်ကုန်းတော်တွင် တည်ရှိပါသည်။ ရပ်တော်မူ ဘုရားကြီးကို ၂၀၀၀ ခုနှစ်က စတင်တည်ထားကိုးကွယ်ခဲ့ပြီး ခြေဖဝါးတော်မှ ဦးခေါင်းတော် အထိ ဉာဏ်တော်အမြင့်မှာ ၆၇ ပေ ၆ လက်မ၊ ကြာပလ္လင်အမြင့် ၇ ပေ၊ ရှစ်ထောင့် ပန်းခုံအမြင့် ၆ ပေ ၆ လက်မ၊ အထက်ပစ္စယံ အမြင့် ၃ ပေ၊ ရင်ပြင်တော် အမြင့် ၆ ပေ၊ နဖူးသင်းကျစ်တော် ရွှေအလေးချိန် ၁ ပိဿာ အလျား ၁၈ ပေ ဖြစ်ပါသည်။