ဟန်လင်းရှေးဟောင်းသုတေသနပြတိုက်

Listing Description

ဟန်လင်းရှေးဟောင်းသုတေသနပြတိုက်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းအနီး၊ ဟန်လင်းကျေးရွာတွင် တည်ရှိပါသည်။ ပြတိုက်အတွင်း ဟန်လင်းမြို့သမိုင်းဖြစ်စဉ်နှင့် ပတ်သက်၍ အထောက်အထားများ၊ ကျောက်စာများ၊ တူးဖော် ရရှိသည့် လူ့အသုံးအဆောင်ပစ္စည်းများ၊ ရွှေထည်၊ ငွေထည် လက်ဝတ်ရတနာများ ပြသထားသည်။ လက်ရာမြောက်လှသည့် ပျူခေတ်ရွှေဆွဲသီးများ၊ ရွှေဖြင့် ပြုလုပ်ထားသည့် ခရေပွင့်ပုံ ပုတီးစေ့များ၊ ကျောက်ပုတီးစေ့များ၊ ပျူခေတ်အသုံးအဆောင်အိုးများနှင့် ငွေထည်ပစ္စည်းများ၊ ကျောက်လက်နက်များ၊ ကြေးကျိုလောင်းရာတွင် သုံးသည့် နှုတ်ခမ်းပါသော လုံခွက်များ စသည်ဖြင့် ပြသထားရှိပါသည်။ ဟန်လင်းရှေးဟောင်းသုတေသနပြတိုက်ကို တနင်္လာနေ့နှင့် ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ အများပြည်သူဝင်ရောက်လေ့လာနိုင်စေရန် ဖွင့်လှစ်ပြသလျက်ရှိပါသည်။