ဘီလူးကျွန်း

Listing Description

ဘီလူးကျွန်းသည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် သံလွင်မြစ်ဝတွင် တည်ရှိသော ရေပတ်လည်ဝိုင်းနေသည့် ကျွန်းကြီးဖြစ်သည်။ ဘီလူးကျွန်း၏ စုစုပေါင်း အကျယ်အဝန်းမှာ ဧရိယာစတုရန်းမိုင်ပေါင်း (၂၅၉.၀၈၉) မိုင်ရှိပါသည်။ မော်လမြိုင်မှ ဘီလူးကျွန်းသို့ ဆက်သွယ်ပေးထားသော ဗိုလ်ချုပ်အောင်ဆန်း တံတားမှတစ်ဆင့် ကားဖြင့် သွားရောက်နိုင်ပါသည်။ ကျွန်းပေါ်တွင် ကျေးရွာပေါင်း ၇၈ ရွာ၊ ကျေးရွာအုပ်စု (၄၆)ရွာဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပြီး ချောင်းဆုံမြို့နယ်ဟုလည်း ခေါ်ဆိုသည်။ အများစုမှာ မွန်လူမျိုးများ နေထိုင်ကြပြီး အခြားသော တိုင်းရင်းသားလူမျိုးစုများလည်း စုပေါင်းနေထိုင်ကြသည်။ ကျွန်းပေါ်ရှိ ရွာလွတ်ရွာမှ ကမ္ဘာကျော်ဆေးတံလုပ်ငန်း၊ မုဒွန်းရွာ ရှိ ကျောက်သင်ပုန်း နှင့် ကျောက်တံလုပ်ငန်း၊ ကလော့ရွာ နှင့် နှီးမှုတ်ရွာတို့တွင် ဝါးခမောက်လုပ်ငန်း ၊ တောင်စွန်းရွာတွင် အုန်းဆံကြိုး၊ ခြေသုတ်ဖုံ စသောစက်မှုလက်မှုလုပ်ငန်းများမှာ အထူးထင်ရှားကျော်ကြားပါသည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2023-09-21 13:11:11

ဘီလူးကျွန်းအကြောင်းကိုပိုသိချင်လို့ပါ