အလင်းတံခါး အင်္ဂလိပ်စကားပြောသင်တန်းကျောင် ထား၀ယ်မြို့

Listing Description

Alintagar အလင်းတံခါး အင်္ဂလိပ်စကားပြောသင်တန်း (AELTS) ဟာ အင်္ဂလိပ်ဘာသာစကား သင်ယူသူအားလုံးအတွက် (Dawei) ထား၀ယ်မြို့ တွင်အကောင်းဆုံး အင်္ဂလိပ်စကားပြောသင်တန်းကျောင်း ဖြစ်ပါတယ်။ ၄င်းအပြင် အလင်းတံခါးသင်တန်းကျောင်းဟာ ကလေးသူငယ်အရွယ်မှစ၍ လူလတ်ပိုင်း လူကြီးပိုင်းအထိ အသက်ရွယ်မရွေး တက်ရောက်နိုင်သော သင်တန်းကျောင်း ဖြစ်ပါတယ်။ ကျွန်တော်တို့သင်တန်းကျောင်းဟာ အင်္ဂလိပ်ဘာသာစကား ကို အခြေခံအဆင့်မှစ၍ အဆင့်မြင့်အထိ အရည်ချင်းပြည့်မီစွာ လေ့လာလိုသူတို့အတွက် အဓိကရွေးချယ်စရာတစ်ခုပဲဖြစ်ပါတယ်။ နောက်ပြီးတော့ Alintagar အလင်းတံခါး သင်တန်းကျောင်းမှာ ကျောင်းသားကျောင်းသူများအတွက် အင်္ဂလိပ်ဘာသာစကား ကို ကျွမ်းကျင်စွာတတ်မြောက်ပြီး လိုရာပန်းတိုင်ရောက်နိုင်ဖို့ အကောင်းဆုံးခြေလှမ်းများကိုလည်း ပံ့ပိုးပေးထားပါတယ်။

ထာ၀ယ်မြို့တွင် Alintagar အင်္ဂလိပ်စကားပြောသင်တန်း (AELTS) ဟာ ကျောင်းသားကျောင်းသူများအတွက် အင်္ဂလိပ်စာလေ့လာသင်ယူဖို့ နေရာကောင်းတစ်ခုဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူများ အင်္ဂလိပ်စာလေ့လာရာတွင်ထူးချွန်ထက်မြတ်စေဖို့၊ ဝေါဟာရစကားလုံးတွေကြွယ်ဝစေဖို့၊ နေ့စဥ်ဘဝတွင်လက်တွေ့အသုံးချနိုင်စေဖို့အတွက်ရည်ရွယ်ပြီးတော့ အခမဲ့အွန်လိုင်းစာကြည့်တိုက် Free Online Digital Library တစ်ခုလည်းထားရှိပေးပါတယ်။ သင်ကြားပေးသည့် ဆရာကိုယ်တိုင်ကလည်း နိုင်ငံရပ်ခြားအတွေ့အကြုံကောင်းတွေရှိပြီး ကျွမ်းကျင်ထိရောက်တဲ့နည်းလမ်းများဖြင့် သင်ကြားပေးတာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့  English Language သင်ကြားနည်းစနစ်တွေထဲမှာ 4-skill English သင်ကြားနည်းတွေအပြင် 21 ရာစုသင်ကြားနည်းစနစ်များ ကိုပါထည့်သွင်းပေါင်းစပ်ထားတာဖြစ်သည့်အတွက် ကျောင်းသူ၊ ကျောင်းသားများအတွက်ပိုမိုထိရောက်ပြီး အကျိုးရှိစေမှာဖြစ်ပါတယ်။