နည်းပညာတက္ကသိုလ် (စစ်ကိုင်း)

Listing Description

နည်းပညာတက္ကသိုလ်(စစ်ကိုင်း)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆစ်ကျေးရွာအုပ်စုတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၈၆.၉၈ ဧက ဖြစ်သည်။ နည်းပညာတက္ကသိုလ် (စစ်ကိုင်း) ကို ၁၉၉၀ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်နေ့တွင် စက်မှုလက်မှု အထက်တန်း ကျောင်း အဖြစ် စတင်တည်ထောင်ခဲ့သည်။ ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံအဖြစ်သို့ အဆင့်တိုးမြှင့်ခဲ့သည်။ ထို့နောက် ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ် အဖြစ်သို့ လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် နည်းပညာတက္ကသိုလ်အဆင့်သို့လည်းကောင်း တိုးမြှင့်ဖွင့် လှစ်ခဲ့သည်။