အင်းစိန်မြို့နယ်၌ မဲရုံ ၁၉၆ ရုံ ဖွင့်လှစ်ထား

Listing Description

ရန်ကုန်   နိုဝင်ဘာ   ၇

အင်းစိန်မြို့နယ်   ကမ်းနားအနောက်ရပ်ကွက်   ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ  ၆၂၅၉ ဦးရှိပြီး အင်းစိန်တစ်မြို့နယ်လုံး အနေဖြင့် မဲရုံ ၁၉၆ ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ  ၂၃၀၀၀၀ ကျော်  ရှိကြောင်း သိရသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်   အင်းစိန်မြို့နယ်၌   နိုဝင်ဘာ  ၈  ရက်တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးနှင့်  မဲဆန္ဒရှင်ပြည်သူများ  အေးချမ်းလုံခြုံဘေးကင်းစွာ ဆန္ဒမဲပေးနိုင်ရေး အတွက်  မြို့နယ်တာဝန်ရှိသူများက  မြို့နယ်အတွင်းရှိ မဲရုံများကို စစ်ဆေး ဆောင်ရွက်လျက်ရှိရာ   ယနေ့   ညနေ   ၃   နာရီတွင်   အင်းစိန်မြို့နယ်    ကမ်းနားအနောက်ရပ်ကွက်  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌   ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသည့်     ကိုဗစ်-၁၉ ရောဂါ  ကြိုတင် ကာကွယ်တားဆီးရေးလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ  ရပ်ကွက်အတွင်းရှိ  မဲရုံငါးရုံအား စနစ်တကျ  ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် မဲရုံအမှတ် (၂) နှင့် အမှတ်(၄) မဲရုံနှစ်ရုံအား အောင်ဇေယျတံတားအောက်၌   မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား  တာဝန်ရှိသူများက  လာရောက်စစ်ဆေးခဲ့ကြကြောင်း ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  အတွင်းရေးမှူး  ဦးဇေယျထွန်းထံမှ သိရသည်။

 ဉာဏ်ဟိန်း