ရန်ကန်ုတိုင်းထဲက မဲဆန္ဒနယ် အတော်များများမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက အသာရနေလို့ လက်ရှိရေတွက်နေတဲ့ မဲရလဒ်တွေကို အခြေခံပြီး NLD ဘက်က ပြောပါတယ်။
ကိုကိုးကျွန်း မဲဆန္ဒနယ်က လွဲရင်တခြားနေရာတွေမှာ ထောက်ခံမဲ အများအပြားရရှိထားတယ်လို့ ဆိုပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဥ်ပြိုင်နေတဲ့ ကော့မှူး မဲဆန္ဒနယ်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ဝင်ရောက်ယှဥ်ပြိုင်တဲ့ တာမွေမဲဆန္ဒနယ်မှာလည်း မဲအသာရနေပါတယ်။
ဆိပ်ကြီး ခနောင်တို မြို့နယ်မှာ NLD ပါတီက အနိုင်ရတယ်လို့ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ထွန်းနိုင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
Crd BBC News
ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။