တွစ်တာနှင့် ဖေ့စ်ဘွတ်တို့မှ စီအီးအိုများ ဆီးနိတ်လွှတ်တော်တွင် ကြားနာမှုခံယူ

19-Nov-2020

ဝါရှင်တန် နိုဝင်ဘာ ၁၈

တွစ်တာနှင့် ဖေ့စ်ဘွတ်မှ စီအီးအို များသည် အမေရိကန်ရွေးကောက်ပွဲ ကာလအတွင်း သတင်းတုများကို ဆန့်ကျင်ကာ ၎င်းတို့၏ ဆိုရှယ် မီဒီယာပလက်ဖောင်းများမှတစ်ဆင့်မည်သို့ လုပ်ဆောင်ခဲ့သည်ကို ဆီးနိတ် လွှတ်တော်တွင် ခုခံကာကွယ်ရန်နှင့် ကြားနာမှုခံယူခဲ့ကြောင်း သိရသည်။

အဓိက ဆိုရှယ်မီဒီယာကြီးများ၏ အကြောင်းအရာပိုင်း ထိန်းချုပ်မှုနှင့် ပတ်သက်ကာ အမေရိကန်သမ္မတ ထရမ့်နှင့် ရီပတ်ဘလစ်ကန်အမတ် များက ဝေဖန်ပြောဆိုနေကြသည်။ ၎င်းတို့၏ စိစစ်ဖြတ်တောက်မှုများမှာ ကွန်ဆာဗေးတစ်များကို ဆန့်ကျင် သည့် သဘောသက်ရောက်သည်ဟု ပြောဆိုကြသည်။

တွစ်တာမှ စီအီးအို ဂျက်ဒေါဆီ နှင့် ဖေ့စ်ဘွတ်မှ စီအီးအို မာ့ခ် ဇူကာဘတ်တို့သည် နိုဝင်ဘာ ၁၇ ရက် က ဆီးနိတ်လွှတ်တော်တွင် ကြားနာ စစ်ဆေးမှုခံယူခဲ့သည်။

ဆီးနိတ်သည် ယခုလက်ရှိတွင် ရီပတ်ဘလစ်ကန်များ ကြီးစိုးသည့် နေရာဖြစ်သည်။ ရီပတ်ဘလစ်ကန် တစ်ဦးဖြစ်သူ တရားရေးကော်မတီ မှဥက္ကဋ္ဌ လင်ဆေး ဂါဟမ်က တွစ်တာ နှင့် ဖေ့စ်ဘွတ်တို့ကို မေးခွန်းထုတ်ခဲ့ သည်။ ရွေးကောက်ပွဲမတိုင်မီ ဂျိုးဘိုင်ဒင်၏သားဖြစ်သူ ပါဝင်သည့် အတင်းအဖျင်းများကို ရေးသားထား သည့် သတင်းစာဆောင်းပါးနှင့် ပတ်သက်သော ရေးသားချက်များကိုဘာကြောင့်ထုတ်ပယ်ထားရသလဲဟုမေးမြန်းခဲ့ခြင်းဖြစ်သည်။

တွစ်တာကမူ ၎င်းတို့၏ မူဝါဒ အရ အခငွေကြေးပေးကာ ရေးခိုင်း ထားသည့် သတင်းများအား ဖြန့်ချိ ခြင်းကို တားမြစ်ကြောင်း၊ သို့သော် လည်း နောက်ပိုင်းတွင် အဆိုပါ ကန့်သတ်ချက်မှာ မှားယွင်းသည်ဟုဆုံးဖြတ်သည့်အတွက် ပြင်ဆင်မှုများ ပြုလုပ် ခဲ့ကြောင်း တုံ့ပြန်ပြောကြားခဲ့ သည်။ ဇူကာဘတ်ကမူ အွန်လိုင်းတွင် လူများပြောကြားနေသည့် သတင်းနှင့် ပတ်သက်ပြီး မည်သူတွင် တာဝန်ရှိ သလဲနှင့် လူအများက မှန်ကန်သည်ဟု ယုံကြည်ထားသည့် ဖြစ်စဉ်တွင် ပွင့်လင်း မြင်သာမှုရှိရန် လိုအပ်သည် ဟု ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ