ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနယ်မြေ၌တရားမဝင် ငါးဖမ်းဆီးခြင်းများ မရှိစေရေး ကွင်းဆင်းစစ်ဆေး

12-Nov-2020

စဉ့်ကူး နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ကြီးကြပ်မှု၊ စဉ့်ကူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးနေလင်း၏ ညွှန်ကြားမှုဖြင့် ယနေ့ တွင် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနယ်မြေအတွင်း တားမြစ်ငါးဖမ်းကိရိယာ များဖြင့် ငါးဖမ်းဆီးမှုများ ပပျောက်စေရန် ကွင်းဆင်းဆောင်ရွက်စေခြင်းနှင့် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး (WCS)နှင့် ရေကြောင်းရဲတပ်ဖွဲ့ဒေသခံကင်းလှည့်ပူးပေါင်းအဖွဲ့တို့က ဖမ်းဆီးရမိသော ဘက်ထရီရှော့တိုက် မော်တော်စက်တပ် လှေတစ်စင်းအား သွားရောက်လွှဲပြောင်း လက်ခံသယ်ဆောင်လာစဉ် စဉ့်ကူး မြို့နယ် မြေနုကျေးရွာအနီးအရောက် ဘက်ထရီရှော့မော်တော်တစ်စင်းအား တွေ့မြင်ရ၍ သွားရောက်စစ်ဆေးရာ ဘက်ထရီအိုးများ ရေထဲပစ်ချပြီး ရှော့တိုက် နေသူနှစ်ဦးမှာ ကုန်းပေါ်သို့ ခုန်ဆင်းထွက်ပြေးသွားသဖြင့် ဘက်ထရီရှော့လှေ တစ်စင်းအား ထပ်မံသိမ်းဆည်းရမိကြောင်း သိရသည်။

သတင်းစဉ်