အရေပြားပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကိုးနာရီကြာ ရှင်သန်နိုင်ကြောင်း တွေ့ရှိ

20-Oct-2020

တိုကျို အောက်တိုဘာ ၁၉

လူသားများ၏ အရေပြားပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကိုးနာရီကြာ ရှင်သန်နိုင်ကြောင်းနှင့် အခြားသော တုပ်ကွေး ဗိုင်းရပ်စ်များထက် ငါးဆပိုမိုရှည်လျားမှုရှိကြောင်း တွေ့ရှိခဲ့သည် ဟု ဂျပန်နိုင်ငံ ကျိုတိုဆေးတက္ကသိုလ်မှ သုတေသီများက ယမန် နေ့တွင် ပြောကြားခဲ့သည်။

သုတေသနပြုခဲ့

လက်ထောက်ပါမောက္ခ ဟီရိုစီရိုင်ဟီနှင့် အခြားသော သုတေသနအဖွဲ့ဝင်များက ကိုရိုနာဗိုင်းရပ်စ်ပိုးသည် လူသား များ၏ အရေပြားပေါ်တွင် အချိန်မည်မျှကြာ အသက်ရှင်သန်နိုင် သည်ဆိုသည်နှင့်ပတ်သက်ပြီး သုတေသနပြုခဲ့ကြသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုး တစ်သိန်းခန့်နှင့် တုပ်ကွေးရောဂါ A ဗိုင်းရပ်စ်ပိုး တစ်သိန်းခန့်တို့ကို သေဆုံးသူတစ်ဦး၏ အရေပြား ပေါ်တွင်ထားရှိကာ သုတေသနပြုခဲ့ကြသည်။

အဆိုပါ သုတေသနပြုမှုအရ ကိုရိုနာဗိုင်းရပ်စ်ပိုးသည် အရေပြားပေါ်တွင် ကိုးနာရီကြာရှင်သန်နိုင်ပြီး တုပ်ကွေးရောဂါ A ဗိုင်းရပ်စ်ပိုးသည် တစ်နာရီနှင့် မိနစ် ၅၀ ခန့်သာ ရှင်သန်နိုင် သည်ကို တွေ့ရှိရသည်။

ပိုးအားလုံးသေဆုံး

ထို့ပြင် ဗိုင်းရပ်စ်ပိုးများထားရှိသော အရေပြားပေါ်သို့ အရက်ပြန်ပါဝင်သော ပိုးသတ်ဆေးများဖျန်းခဲ့ရာ ဗိုင်းရပ်စ်ပိုး အားလုံး သေဆုံးသွားသည်ကို တွေ့ရှိရသည်ဟု အဆိုပါ သုတေသီ အဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါတွေ့ရှိချက်အရ အရက်ပြန်ပါဝင်သော လက်သန့်ဆေးရည်များအသုံးပြုခြင်းသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်ရာတွင် အကျိုးသက်ရောက်မှုရှိကြောင်း တွေ့ရှိရသည်ဟု လက်ထောက်ပါမောက္ခ ဟီရိုစီရိုင်ဟီက ဆိုသည်။

ကိုးကား-အင်န်အိတ်ခ်ျကေ

ဘာသာပြန်-အောင်ကျော်ကျော်