အမေရိကန်မှာ COVID-19 ကူးစက်မှုနှုန်း တုန်လှုပ်ဖွယ်ကောင်း

08-Dec-2020

ကျန်းမာရေးစနစ် အထူး ကောင်းမွန်တဲ့ အမေရိကန်ပြည်ထောင်စုမှာ COVID-19 ရောဂါ ကူးစက်မှုတွေ ဆိုးဆိုးရွားရွား ပျံ့နှံ့နေတာဟာ ထိတ်လန့်စရာ ကောင်းလှတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အရေးပေါ်လုပ်ငန်းများဆိုင်ရာ ညွှန်ကြားရေးမှူးက ပြောဆိုလိုက်ပါတယ်။

“ပြီးခဲ့တဲ့သီတင်းတပ်တွေအတွင်း ကမ္ဘာတဝှမ်း ကူးစက်မှုတွေရဲ့ သုံးပုံတပုံဟာ အမေရိကန်ပြည်ထောင်စုမှာ ရှိနေပါတယ်။ ဒဏ်ခတ်ခံရဲ့ ကပ်ဘေးတခုလို ဖြစ်နေပြီး တစ်မိနှစ်အတွင်း လူ ၁ ယောက်ကနေ ၂ ယောက်နှုန်းနဲ့ သေသေနတာ အင်မတန် ထိတ်လန့်စရာ ကောင်းပါတယ်။ ကျန်းမာရေးစနစ် ခိုင်မာအားကောင်းပြီး အံ့မခန်း နည်းပညာစွမ်းရည်တွေ ရှိနေတဲ့ နိုင်ငံမှာ ခုလို ဖြစ်နေတာက အင်မတန် ထိတ်လန့်စရာပါပဲ"လို့ WHO ရဲ့ အရေးပေါ်လုပ်ငန်းများဆိုင်ရာ အကြီးအကဲ Mike Ryan က တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။

WHO အနေနဲ့ အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ရဲ့ အစိုးရတာဝန် လွှဲပြောင်းယူရေး အဖွဲ့နဲ့တော့ ဆက်သွယ် စကားပြောဆိုတာတွေ မလုပ်ရသေးဘူးလို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ ဒီရောဂါ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ပြီး ကူးစက်သူ ၁၅ သန်းနီးပါးနဲ့ သေဆုံးသူ ၂ သိန်း ၈ သောင်းကျော် ရှိပါတယ်။ ကမ္ဘာတဝှမ်း ကူးစက်မှုပေါင်းကတေ့ ၆၇ သန်းကျော်ရှိပြီး သေဆုံးသူ ၁ သန်းခွဲကျော် ရှိပါတယ်။ ဒီအတောအတွင်း ဗြိတိန်နိုင်ငံမှာတော့ အင်္ဂါနေ့ကစပြီး နိုင်ငံတဝှမ်း COVID-19 ကာကွယ်ဆေးထိုး လုပ်ငန်းတွေ စတင်နေပါပြီ။ အနောက်နိုင်ငံတွေထဲမှာတော့ ကိုဗစ်ကာကွယ်ဆေးကို ပထမဆုံး စတင်အသုံးပြုတဲ့ နိုင်ငံဖြစ်ပြီး ဒါဟာ ကပ်ရောဂါ အဆုံးသတ်ဖို့ အစဖြစ်တယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီး Matt Hancock က တနင်္လာနေ့က ပြောဆိုခဲ့ပါတယ်။

VOA News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။