ဇေယျာသီရိမြို့နယ်၌ ယာယီမဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအားနေပြည်တော်ကောင်စီဝင် ဦးညီထွန်းနှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

Listing Description

နေပြည်တော်   နိုဝင်ဘာ   ၇

၂၀၂၀   ပြည့်နှစ်    ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နေပြည်တော် ကောင်စီဝင် ဦးညီထွန်းနှင့် တာဝန်ရှိသူ များက      ယနေ့နံနက်ပိုင်းတွင်     နေပြည်တော်အတွင်းရှိ     ပုဗ္ဗသီရိ မြို့နယ်၊    တပ်ကုန်းမြို့နယ်များသို့ သွားရောက်စစ်ဆေးခဲ့ပြီး မွန်းလွဲပိုင်း တွင် ဇေယျာသီရိမြို့နယ်အတွင်းရှိ ယာယီမဲရုံများ ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ နေပြည်တော် ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး၊  ပြည်ထောင်စုနယ်မြေ   ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ    ဦးသိန်းထွေး၊    ခရိုင်ရွေးကောက်ပွဲ ကော်မရှင်နှင့်   ဌာနဆိုင်ရာ  တာဝန် ရှိသူများက    ကြည့်ရှုစစ်ဆေးရာ   ဇေယျာသီရိမြို့နယ်    အုပ်ချုပ်ရေးမှူး     ဦးကျော်စိုးထင်၊  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ  ဦးအောင်သူစိုး နှင့် တာဝန်ရှိသူများက ရေဆင်းကျေးရွာ အုပ်စု    ရွှေတွင်းကုန်းကျေးရွာရှိ ယာယီမဲရုံနှင့် အနော်ရထာရပ်ကွက်    မော်တော်ယာဉ်(၁)ရှိ   ယာယီမဲရုံများသို့  သွားရောက်၍     ယာယီမဲရုံများတွင် မဲရုံအတွင်း/အပြင်ဆောင်ရွက်ထားရှိ မှု၊ မဲရုံအတွင်း လျှို့ဝှက်ဆန္ဒပြုခန်းနှင့် သက်ဆိုင်ရာ   လွှတ်တော်မဲပုံးများ စနစ်တကျထားရှိမှု  အခြေအနေများ နှင့်   မဲဆန္ဒရှင်ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ရေး အစီအစဉ်များ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံမှူး၊   ဒုတိယမဲရုံမှူး၊ မဲရုံကိုယ်စား လှယ်များ၊    မဲရုံအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကြည့်ရှုလေ့လာသူများ နေရာချထားမှုနှင့် မဲဆန္ဒရှင်ပြည်သူ များ  အေးချမ်းစွာ  ဆန္ဒမဲပေးနိုင်ရေး အတွက် ပြင်ဆင်ထားရှိမှု အခြေအနေ များကို          ရှင်းလင်းတင်ပြသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင် နှင့်  တာဝန်ရှိသူများက  လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ထားရှိရန် မှာကြားသည်။

ဇေယျာသီရိမြို့နယ်တွင် ရပ်ကွက် ငါးရပ်ကွက်နှင့်  ကျေးရွာအုပ်စု ၁၃ အုပ်စုရှိပြီး    စုစုပေါင်းမဲရုံ  ၇၄ ရုံ၊  မဲဆန္ဒရှင်စုစုပေါင်း    ၈၂၁၇၄   ဦး ရှိကြောင်း    မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်သူစိုး ထံမှ သိရသည်။

အေးလင်းထွန်း(ပြန်/ဆက်)