ယဉ်ကျေးမှုပြတိုက် (စစ်တွေ)

Listing Description

စစ်တွေမြို့ လမ်းမကြီးနှင့် ရေတွင်းလမ်းထောင့် မော်လိပ်ရပ်ကွက်တွင် တည်ရှိသည်။ ၁၉၅၅ ခုနှစ်တွင် ရခိုင်ပြည်နယ် စာကြည့်တိုက်နှင့် ယဉ်ကျေးမှုပြတိုက်အနေဖြင့် ကျောက်ဖြူမြို့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် စစ်တွေမြို့သို့ပြောင်းရွှေ့ခဲ့ကာ လက်ရှိ ယဉ်ကျေးမှုပြတိုက် အဆောက်အအုံကို ၁၉၉၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အုတ်မြစ်ချကာ ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့သည်။ ပြတိုက်တွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ၇ စု၏ ဝတ်စားဆင်ယင်မှုများ၊ ရခိုင်အမျိုးသမီးများ၏ ဆံထိုးပုံစံများ၊ ရခိုင်လူမျိုးများ၏ နေအိမ်တည်ဆောက်ပုံများ၊ ရခိုင်ရိုးရာဓလေ့ပွဲတော်များ၊ ရခိုင်ရိုးရာရက်ကန်းလုပ်ငန်းများ၊ ရခိုင်ရိုးရာကျင်အားကစားနှင့် အခြားသောအကြောင်းအရာများကို လေ့လာနိုင်သကဲ့သို့ ရခိုင်သမိုင်းဆိုင်ရာအချက်အလက်များနှင့် ရှေ့ခေတ်ရခိုင်လူမျိုးများ၏ အသုံးအဆောင် တူရိယာပစ္စည်းများကိုလည်း ခင်းကျင်းပြသထားသည်။ ထို့ပြင် ယဉ်ကျေးမှုပြတိုက်အတွင်း အမျိုးသားစာကြည့်တိုက်ကိုပါ တွဲဖက်ဖွင့်လှစ်ထားပြီး ရခိုင်သမိုင်းဆိုင်ရာ စာအုပ်စာပေများနှင့် အခြားသော သုတရသစာအုပ်များကိုလည်း အခမဲ့ငှားရမ်း ဖတ်ရှုနိုင်သည်။ ပြတိုက်ကို တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပြသလျက်ရှိသည်။