ရွှေစာရံစေတီတော်(မန္တလေး)

Listing Description

ရွှေစာရံစေတီတော် (မန္တလေး) သည် မန္တလေးမြို့၏ အရှေ့တောင်ဘက် ၁၄ မိုင်ကျော်ကွာဝေးသော မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေး ရွှေစာရံရွာတွင် တည်ရှိသည်။ ပုဂံပြည့်ရှင် အနော်ရထာမင်း၏ မိဖုရားတစ်ပါးဖြစ်သော ရှမ်းမင်းသမီးစောမွန်လှ တည်ထားကိုးကွယ်ခဲ့သော ရွှေစာရံမြတ်စွာဘုရား ဟု ထင်ရှားပါသည်။ ရွှေစာရံဘုရားအနီးတွင် ဒုဋ္ဌဝတီမြစ် တည်ရှိသည်။ သာယာလှပသော ရှုခင်းများကို ကြည့်ရှုခံစားနိုင်ပါသည်။