ဦးတော်မီအိမ်

Listing Description

ကလောမြို့၊ ရပ်ကွက်(၃)၊ သဇင်လမ်းတွင် တည်ရှိသည်။ အုတ်ကြွပ်မိုး တစ်ထပ်တိုက်အိမ်ဖြစ်ပြီး ဦးတော်မီမှ ပိုင်ဆိုင်သည်။ ဆောက်လုပ်သည့်ခုနှစ်ကို အတိအကျ မသိရသော်လည်း လွန်ခဲ့သောနှစ်ပေါင်း ၁၂၀ ခန့်က ဆောက်လုပ်ခဲ့သည်ဟု ယူဆရသည်။ ယင်းအိမ်အား မစ္စတာစမစ်အမည်ရှိ ဗြိတိန်အုပ်ချုပ်ရေးမှူးမှ ဦးတော်မီ၏အဘိုးထံ ရောင်းချခဲ့သည်ဟု သိရသည်။