တောင်ကြီး ငှက်ဘေးမဲ့တော

Listing Description

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဟိုပုံးအထွက်လမ်း၊ ကိုးနဝင်းတောင်ခြေတွင် တည်ရှိသည်။ ဌာနေငှက်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ခြောက်သွေ့တောင်ပေါ်တော ဂေဟစနစ်ကို လေ့လာရန် ရည်ရွယ်၍ ၁၉၂၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ၁၆.၀၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ သစ်တောအမျိုးအစားများမှာ တောင်ပေါ်တော၊ ထင်းရှူးတော၊ စိုစွတ်တော အမျိုးအစားများဖြစ်ကြသည်။ အဓိက သစ်ပင်အမျိုးအစားများမှာ ထင်းရှူး(Pinus species)၊ချယ်ရီ(Betula alnoides)၊ ဝက်သစ်ချ(Quercus semiserrata)၊ Laukya(Schima khassina)၊ဇီးဖြူ(Emblica offinalis)တို့ဖြစ်သည်။