ဆေးတက္ကသိုလ် (မန္တလေး)

Listing Description

ဆေးတက္ကသိုလ်(မန္တလေး)သည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် လမ်း (၃၀)၊ (၇၃)လမ်းနှင့် (၇၄)လမ်းကြား တွင်တည်ရှိသည်။ ၁၉၅၄ခုနှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး)သည် ရန်ကုန်တက္ကသိုလ်၏ ဆေးပညာဌာနခွဲ (Branch Medical Faculty) တစ်ခုအဖြစ် စတင်ခဲ့ပြီး ၁၉၅၈ခုနှစ်တွင် ဆေးပညာဌာန (Faculty of Medicine) အဖြစ် ပြောင်းလဲလိုက်သည်။ ၁၉၆၄ခုနှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး)(Institute of Medicine, Mandalay)အဖြစ် သီးခြားတည်ထောင်ခဲ့ပြီး ၂၀၀၅ခုနှစ်တွင် Institute of Medicine, Mandalay မှ University of Medicine, Mandalay သို့ အမည်ပြောင်းလဲခဲ့သည်။ ပညာသင်ကြားမှု ကာလမှာ ၇ နှစ်ဖြစ်ပါသည်။