ဆောင်းဝတ်ရည်မေ

Listing Description

၁၉၉၅ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် အဖ ဦးမြင့်သိန်းနှင့် အမိ ဒေါ်ညိုညိုဝင်းတို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းနှစ်ယောက်အနက် အငယ်ဆုံးသမီးဖြစ်သည်။ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ဗဟန်းတွင် ပညာသင်ကြားခဲ့သည်။ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၌ အီလက်ထရွန်နစ်ဆက်သွယ်ရေး အင်ဂျင်နီယာ ဘာသာရပ် အဓိကဖြင့် တက်ရောက်သင်ကြားခဲ့သည်။

၂၀၁၁ ခုနှစ်တွင် Miss Lapyae Won 2011 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုရခဲ့သည်။ ထို့နောက် MRTV-4 ဇာတ်လမ်းတွဲအတွက် Forever Group မှ ရွေးချယ်ခံခဲ့ရပြီး ဇာတ်လမ်းတွဲများစွာတွင် သရုပ်ဆောင်ခွင့်ရရှိခဲ့သည်။ ၂၀၁၃ မှ ၂၀၁၄ ခုနှစ်ထိ “အချစ်သင်္ကေတ အတွဲ (၁) နှင့် (၂)” ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် Happy Beach၊ ကံကံ၏အကျိုး ဇာတ်လမ်းတွဲများတွင်ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် “ဝိညာဉ်ရှိုက်သံ” ဇာတ်လမ်းတွဲတွင် သရုပ်ဆောင် အောင်မင်းခန့်၊ ဟန်လင်းသန့်၊ မြတ်သူသူတို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့သည်။ အနုပညာသက်တမ်းတစ်လျှောက် ဗီဒီယိုဇာတ်ကားများ၊ ရုပ်ရှင်များ၊ ရုပ်သံဇာတ်လမ်းတွဲများစွာတွင် ပါဝင်သရုပ်ဆောင်ထားသည်။

ရုပ်ရှင်နှင့် ဗီဒီယိုများ

ရွှေကြာ

စစ်ကိုမုန်း၍တိုက်ခဲ့သည်

Player

အညတရမိုးကောင်းကင်

ငြိုး၍ညှိုး

အဖြူရောင်သက်တန့်

ရုပ်သံဇာတ်လမ်းတွဲများ

အချစ်သင်္ကေတ အတွဲ (၁) နှင့် အတွဲ (၂)

Happy Beach

ကံကံ၏အကျိုး

ဝိညာဉ်ရှိုက်သံ

ဝင်္ကပါစံအိမ်

မာန်

အမုန်းမှသည်

ချစ်ခြင်းတရားတို့ရှိရာ

နတ်အလိုဂျိုအမ

အချစ်ဆစ်ဂနယ်

ဆုတောင်း

ဧဒင်ချဲလန့်