ဥပ္ပါတသန္တိစေတီတော်

Listing Description

ဥပ္ပါတသန္တိစေတီတော်သည် နေပြည်တော်ပုဗ္ဗသီရိမြို့နယ်၊ ရာဇဌာနီလမ်းမကြီးအနီး နေပြည်တော် ပျဉ်းမနားမြို့၏ အနောက်မြောက်ဘက်(၂)မိုင်(၄)ဖာလုံခန့် အကွာတွင် တည်ရှိသည်။ နေပြည်တော်တွင် တည်ရှိသော ထင်ရှားသည့် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်ပြီး တရုတ်ပြည်မှ ဗုဒ္ဓဆွယ်တော်ရုပ်ပွားတော်ကို  ဌာပနာထားပါသည်။ ဤစေတီတော်မြတ်ကြီးကို ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ပုံစံတူဉာဏ်တော် အမြင့်အောက်(၁)ပေ လျှော့၍ ဉာဏ်တော်အမြင့် (၃၂၅)ပေရှိ "စေတီတော်မြတ်ကြီး"ကို ၂၈-၇-၂၀၀၆ ရက်နေ့မှ စတင်တည်ထားခဲ့ရာ ၉-၃-၂၀၀၉ ရက်နေ့တွင် သပ္ပါယ်တင့်တယ်စွာ တည်ထား ပြီးစီးခဲ့ပါသည်။ စေတီတော်မြတ်ကြီး၏ ဘုန်းတော်ကိုလည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ရဟန်းရှင်လူ ပြည်သူများအားလုံး ဘေးဥပဒ်အန္တရာယ်အသွယ်သွယ်မှ ကင်းဝေးစေပြီးကောင်းကျိုးချမ်းသာကျက်သရေမင်္ဂလာအဖြာဖြာဖြင့် ပြည့်စုံစေရန် ရည်ရွယ်၍ "ဖြစ်ပေါ်တွေ့ကြုံလာသည့်ဘေးအန္တရာယ်အားလုံးငြိမ်းအေးစေခြင်း"ဟု မြန်မာပြန် အနက်အဓိပ္ပါယ်ရသော "ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး"ဟု ပူဇော်သမုတ်ခဲ့သည်။ ဥပ္ပါတသန္တိစေတီတော်၏ ခြေတော်ရင်းတွင် ဆင်ဖြူတော်များဥယျာဉ်တင်းကုပ်ရှိပြီး ခရီးသွား ဧည့်သည်များအနေဖြင့် ဆင်ဖြူတော်တင်းကုပ်သို့လည်း သွားရောက်လေ့လာနိုင်ပါသည်။