မြို့တော်ခန်းမ

Listing Description

နေပြည်တော်မြို့တော်ခန်းမသည် ပျဉ်းမနား-တောင်ညိုလမ်း၊ သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်တွင် တည်ရှိသည်။ နေပြည်တော်စည်ပင်သာယာရေးကော်မတီရုံး တည်ရှိရာ နေရာဖြစ်၍ မြို့၏ထင်ရှားသည့် အဆောက်အဦလည်းဖြစ်ပါသည်။ အရေးကြီးသော နိုင်ငံတော်အဆင့် အခမ်းအနားများကျင်းပရာတွင် နိုင်ငံတော်သံစုံတီးဝိုင်းက မြို့တော်ခန်းမအတွင်းမှ နိုင်ငံတော် သီချင်းကို တီးမှုတ်ပေးသည်။ မြို့တော်ခန်းမကြီး၏အမိုးကို မြန်မာ့မူဟန်မပျက် တည်ဆောက်ထားပြီး အတွင်းဖက်တွင်လည်း လှပသောဗိသုကာလက်ရာများဖြင့် တန်ဆာဆင်ထားသည်။ ခန်းမကြီး ၏နောက်ကျောဖက်တွင်လည်း ကစားကွင်းနှင့်ရေပန်းများပါဝင်သည့် ဥယျာဉ်တစ်ခုရှိသည်။