Mr. Dantra’s House

Listing Description

ကလောမြို့ ကုန်သည်လမ်းနှင့် နတ်စင်လမ်းထောင့် Golden Kalaw ဟိုတယ်အနီးတွင် တည်ရှိသည်။ ၁၉၄၀ ပြည့်နှစ်ခန့်တွင် ကလောမြို့တော်ဝန် Mr.Dantra နှင့် ဇနီး ဒေါ်ဆင့်တို့ ဆောက်လုပ်နေထိုင်ခဲ့သည်။ ၎င်းတို့တွင် သားသမီးမရှိသောကြောင့် ကလေးသုံးဦးအား မွေးစားခဲ့ကြရာ ယခုလက်ရှိပိုင်ရှင်ဖြစ်သူ ဒေါ်ယဉ်ညိုနွယ်၏အဘိုးဖြစ်သူသည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ယင်းအဆောက်အအုံသည် ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ကြောင့် ဆိုးရွာစွာ ပျက်စီးသွားခဲ့သည်။ နောက်ပိုင်းတွင် ယနေ့တွေ့မြင်နေရသည့်အတိုင်း ကိုလိုနီခေတ်ပုံစံအတိုင်း အိမ်ကိုပြုပြင်ခဲ့သည်။ အိမ်၏ နေရာအများစုကို ဒေါ်ယဉ်ညိုနွယ်နှင့် သူမ၏မိသားစုက ပိုင်ဆိုင်ထားပြီး လက်ရှိတွင် အောက်ထပ်၌ ကုန်စုံဆိုင်ငယ်တစ်ခု ဖွင့်ထားသည်။