လှေခွင်းတောင်

Listing Description

လှေခွင်းတောင်သည် နေပြည်တော် ဇေယျာသီရိမြို့နယ် ကျည်တောင်ရွာတွင် တည်ရှိသည်။ ဒဏ္ဍာရီအရ သိုက်နန်းရှင်များနှင့် ရွှေလှေငွေလှေများ တောင်ကို ခွင်းဝင်ပျောက်ကွယ်သွားသည်ကို အကြောင်းပြုလျက် လှေခွင်းတောင်ဟု ခေါ်ကြပါသည်။ ဒေသခံများက လှေထွင်းတောင်၊ လေတွင်းတောင် ဟုလည်းခေါ်ကြသည်။ ၁၅၉၈ခုနှစ်တွင် ဘုန်းတော်ကြီး ခင်ကြီးဖြူ မှ မျက်နှာကိုးဘက်ရှိ ကိုးမုတ်ပြန်စေတီကို တည်ထားကိုကွယ်ခဲ့သည်။ တောင်ပေါ်သို့ ကွန်ကရစ်လမ်းဖောက်လုပ်ထားသဖြင့် ကားဖြင့်တက်ရောက်နိုင်ပြီး တောင်ထိပ်တွင် လှေခွင်းတောင်ဘုရားကိုဖူးမြော်နိုင်သည့်အပြင် ရွှေလှေငွေလှေနှစ်စင်း ကိုလည်း မြင်တွေ့နိုင်ပါသည်။ တောင်ပေါ်မှမြင်ရသော ရှုခင်းမှာသာယာလှပပြီး တစ်ဖက်တွင် အောက်ပေါင်းလောင်းဆည် ကိုမြင်နိုင်ပြီး အခြားတစ်ဖက်တွင် စစ်တောင်းမြစ်ကို တွေ့မြင်နိုင်ပါသည်။ တောင်အနီးတွင် ပေါင်းလောင်းမြစ်(စစ်တောင်းမြစ်)ကို အခြေပြု၍ လှေခွင်းတောင်အပန်းဖြေစခန်းရှိသည်။ ယင်းမြစ်ဆိပ်ကမ်းခြေအပန်းဖြေစခန်းတွင် မြစ်ကမ်းဘေးစားသောက်ဆိုင်များရှိပြီး ရေကစားကွင်းများ၊ ရေလွှာလျှောများ ပြုလုပ်ပေးထားပါသည်။