လေးဖြူ

Listing Description

၁၉၆၅-ခုနှစ်၊ မေလ(၁၉)ရက်တွင် မွေးဖွားခဲ့သည်။ အင်းလေးဇာတိ ဖြစ်သည်။ အမည်ရင်းမှာ ဝင်းလှိုင်စိုးဖြစ်ပြီး ရော့ခ် အဆိုတော် တစ်ဦးဖြစ်သည့် အငဲ ၏ အကို အရင်း ဖြစ်သည်။ မန္တလေးတက္ကသိုလ်မှ အင်္ဂလိပ်စာ အထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။

ဇနီးဖြစ်သူမှာ ဒေါ်နွယ်နွယ်သန်း ဖြစ်သည်။ သမီးကြီး ၏ အမည်မှာ ဆောင်းလေးဖြူ ဖြစ်ပြီး သားငယ်၏ အမည်မှာ တိမ်လေးဖြူ ဖြစ်သည်။

"ဘင်္ဂလားပင်လယ်အော်" စီးရီးမှာ မြန်မာနိုင်ငံတွင် Mobile Stero ဖြင့် ပထမဆုံးတီးခတ်အသံသွင်းပြုလုပ်ထားသော တေးစီးရီးဖြစ်သည်။ Mobile Stero မှာ ကမ်းခြေတစ်ခု (သို့) တစ်ခုခုသောနေရာ၏ အခန်းတစ်ခန်းထဲတွင် ကြိုတင်သီချင်းတိုက်ထားခြင်းမရှိပဲ ရင်ထဲကခံစားချက်အတိုင်း တီးခတ်သီဆိုပြီး အသံသွင်းခြင်းကို တစ်ပြိုင်နက်ပြုလုပ်ခြင်းဖြစ်သည်။

ထွက်ရှိပြီးသောသီချင်းခွေများ

ကန္တာရ လမင်း

ပင်လယ်အော်သံ

ကန္တာရ ပင်လယ် လမင်းအော်သံ(လိုက်ဖ်ရှိုး)

ဂီတ မဉ္ဇူရီ

ပါဝါ ၅၄ (Power 54)

ကမ္ဘာသစ်တေး

ကျိန်စာ

သားကောင်

ရာစုသစ် (မျိုးကြီး၊ အငဲ တို့နှင့်တွဲဖက်၍)

အိပ်မက်ကဗျာ

လိပ်ပြာ

Iron Cross Band, Unplugged show

Iron Cross Band, Live show for 15th anniversary

Iron Cross Band, 15th anniversary celebration

မံမီများ

LMN (မျိုးကြီး၊ အငဲ နှင့်တွဲဖက်၍)

ခဏလေးများ

ဘင်္ဂလား ပင်လယ်အော် (Bay of Bengal)

ဒိုင်ယာရီ

ဒါအချစ်လား (Single)

ကျောခင်းတံတားများ (Single)

မြူ (Single)

မိစ္ဆာမ (Single)

ဘဝ (single)

ဇာတိဘုံ (single)

လူ့အန္ဓ (single)

လုပ်လိုက် (single)