ကုံလုံဆရာတော်ကြီးကျောင်းတိုက်

Listing Description

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့မှ ၇ မိုင်ခန့်အကွာ၊ ထယ်သွန်းကျေးရွာတွင် တည်ရှိပါသည်။ ကုံလုံဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို လွမ်းစေတီ စဉ့်စံကျောင်းတော်ကြီး၌ ပူဇော်ထားရှိပါသည်။ ကုံလုံဆရာတော်သည် သက်တော် ၉၆ နှစ်၊ ဝါတော် ၇၆ ဝါ အရ ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ပျံလွန်တော်မူခဲ့ပါသည်။ စဉ့်စံကျောင်းတော်ကို ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့က ပန္နက်တော်တင်၍ စတင်ဆောက်လုပ်ခဲ့ကာ ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၇ ရက်တွင် ပြီးစီးခဲ့သည်။ စဉ့်စံကျောင်းတော်တွင် မြန်မာ့အနုပညာလက်ရာများဖြစ်သော ပန်းဆယ်မျိုးကို လေ့လာနိုင်ပါသည်။ ကုံလုံသာသနာ့နယ်မြေအတွင်း၌ ဗူးသီးမှ သဘာဝအတိုင်း ဘုရားဆင်းတုတော်ပုံပေါ်ထွက်နေသော ဗူးသီးဘုရား၊ ဆရာတော်ဘုရားကြီး တရားကျင့်ကြံခဲ့သော ကံကော်ပင်ရှိရာအောင်မြေနှင့် ဘုရားစေတီပုထိုးများစွာကို ဖူးမြော်မြင်တွေ့နိုင်ပါသည်။