ခိုင်မြဲကျော်စွာ

Listing Description

စာရေးဆရာ၊ ကဗျာဆရာ ခိုင်မြဲကျော်စွာကို ၁၉၆၂ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်း အောင်နိုင်ဦး ဖြစ်သည်။ ဒဿနိကဗေဒ အဓိကဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ၁၉၈၉ ခုနှစ်၌ အနုပညာ ကြေးမုံ မဂ္ဂဇင်းတွင် ချစ်ဆူးနှင်းဆီ ကဗျာသည် ပထမဆုံး ပုံနှိပ် ဖော်ပြခြင်း ခံရသည် စာမူ ဖြစ်သည်။

ပေဖူးလွှာ၊ ဒီရေစီးသံ၊ ဟန်သစ်၊ ရင်ခွင်သစ်၊ ရင်ခုန်ပွင့်၊ ရုပ်ရှင်သစ္စာ၊ ရုပ်ရှင်အောင်လံ၊ ကလျာ၊ မြားနတ်မောင်၊ ချယ်ရီ၊ မဟေသီ၊ သရဖူ၊ ဖက်ရှင်၊ ရုပ်ရှင် တေးကဗျာ၊ သောင်းပြောင်းထွေလာ ရယ်စရာ၊ ပိတောက်မြေ၊ စရဏ၊ အင်ပါရာ၊ ဗြူးတီး၊ ဖက်ရှင်အင်းမေ့ချ်နှင့် အခြား မဂ္ဂဇင်းများတွင် ကဗျာပုဒ်ရေ ၁၀ဝ ကျော် ရေးသားခဲ့ပြီး ဖြစ်သည်။

အိမ်အပြန် မိုးကျော်အေးရဲ့ ထိုင်ခုံအမှတ် ၃၄ (၂၀၀၂) ကဗျာစာအုပ်ကို ခရမ်းပြာထက်လူ၊ မောင်ဖီလာတို့နှင့် ၃ ယောက်တွဲ ထုတ်ဝေခဲ့သည်။ ယခု အချိန်ထိ မဂ္ဂဇင်းများတွင် ကဗျာများ ရေးသားနေဆဲ ဖြစ်သည်။

ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ

၁        အိမ်အပြန် မိုးကျော်အေးရဲ့ ထိုင်ခုံအမှတ် ၃၄           (၂၀၀၂)

၂        အေးအေးဆေးဆေးလမ်း      (၂၀၀၉)

၃        မာယာကော့စကီးပြောတဲ့ပန်းပုဆရာရဲ့သွားတွေ      (၂၀၁၃)

၄        စက္ကူပန်းပွင့်မပွင့် ဖွင့်ကြည့်ဖို့ ပို့ပေးလိုက်တဲ့လိုင်းများ         (၂၀၁၅)

၅        ရေငုပ်သင်္ဘော (၂၀၁၆)