အမျိုးသားစာကြည့်တိုက် (နေပြည်တော်)

Listing Description

အမျိုးသားစာကြည့်တိုက်သည် နေပြည်တော် ဥတ္တရသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကုမုဒြာကြာပန်းအဝိုင်းအနီးတွင် တည်ရှိသည်။ ၃-၅-၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စာကြည့်တိုက်တွင် မြန်မာ / အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသော စာအုပ်များ၊ သတင်းစာများ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများ၊ ရည်ညွှန်းစာအုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလိပ်စာအုပ်များ၊ ဘွဲ့ယူကျမ်းများ၊ ကလေးဖတ်စာအုပ်များ၊ အာဆီယံစာစုများ၊ ကုလသမဂ္ဂစာစုများ၊ သီးသန့်စာစုများ၊ မြန်မာနိုင်ငံပြန်တမ်း၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီထုတ် စာအုပ်များနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ စာစုများ၊ စုစုပေါင်း စာအုပ်အရေ အတွက် နှစ်သိန်းငါးသောင်းကျော် စုဆောင်းထားရှိပြီးဖြစ်ပါသည်။