အမျိုးသားပြတိုက်

Listing Description

အမျိုးသားပြတိုက် (နေပြည်တော်)သည် နေပြည်တော်၊ ဥတ္တရသီရီမြို့နယ်၊ ရာဇသင်္ဂဟ အဝိုင်းအနီး ရာဇသင်္ဂဟလမ်းမကြီးပေါ်တွင် တည်ရှိပါသည်။ ဧရိယာအားဖြင့် ၃၄.၇၉ ဧက ကျယ်ဝန်းပါသည်။ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၀ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ အဆောင်ငါးဆောင်ဖြင့် ဖွဲ့စည်းထားကာ လက်ရှိအချိန်ထိ ပြသထားသည့် ပြခန်းများမှာ နိုင်ငံတော်သမ္မတ၏ လက်ဆောင်ပစ္စည်းများပြခန်း၊ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ်ပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ သမိုင်းတင်ခေတ်ပြခန်း၊ မြန်မာ့အနုသုခုမပြခန်းနှင့် မြန်မာ့ပန်းချီပြခန်း၊ သီဟာသနပလ္လင်ပြခန်း၊ လက်မှုအနုပညာပြခန်း၊ အာဆီယံပြခန်း၊ ကလေးသူငယ် ပညာပေးပြခန်းတို့ ဖြစ်သည်။ တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များတွင် ပြတိုက်ပိတ်ပြီး ကျန်နေ့ရက်များတွင် နံနက် ဝ၉:၃၀ နာရီ မှ ညနေ ဝ၄:၃၀ နာရီအထိ သွားရောက်လေ့လာနိုင်ပါသည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2023-01-02 03:29:01

To Ayeaye Thinn

ခုလို ဖြည့်စွက်ရေးပေးသည့်အတွက် winnetmyanmar မှ အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ

2023-01-01 08:57:13

အမျိုးသားပြတိုက် (နေပြည်တော်) ၊ National Museum (Nay Pyi Taw) တွင် ပြခန်း (၁၃)ခန်း ဖွင့်လှစ်ပြသလျက်ရှိသည်။ ၁။ လက်ဆောင်ပစ္စည်းများပြခန်း၊ ( Gifts Exhibition Room) ၂။ ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ (Primate and Fossils Exhibition Room) ၃။ သမိုင်းမတင်မီခေတ်ပြခန်း ( Prehistoric Period Exhibition Room) ၄။ သမိုင်းတင်ခေတ်ဦးပြခန်း ( Proto-historic Period Exhibition Room) ၅။ သမိုင်းတင်ခေတ်ပြခန်း ( Historic Period Exhibition Room) ၆။ မြန်မာ့အနုသုခုမပြခန်း ( Myanmar Fine Art Exhibition Room) ၇။ မြန်မာ့ပန်းချီပြခန်း ( Myanmar Art Gallery) ၈။ သီဟာသနပလ္လင်ပြခန်း ( Lion Throne Exhibition Room) ၉။ ဗုဒ္ဓအနုပညာပြခန်း ( Buddhist Art Exhibition Room) ၁၀။ မြန်မာနိုင်ငံ သမ္မတကြီးများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်များပြခန်း ( The Vehicles used by the Myanmar Presidents Exhibition Room) ၁၁။ မြန်မာ့လက်မှုအနုပညာပြခန်း ( Myanmar Arts and Handicrafts Exhibition Room) ၁၂။ အာဆီယံပြခန်း ( ASEAN Exhibition Room) ၁၃။ ကလေးသူငယ်ပညာပေးပြခန်း ( The Children Discovery Exhibition Room)