ဥရောပသမဂ္ဂက အမေရိကန်ကို ဒေါ်လာ လေးဘီလီယံဖိုး အခွန်တိုးကောက်မည်

11-Nov-2020

ဘရပ်ဆဲလ် နိုဝင်ဘာ  ၁၀

အမေရိကန်၏ တင်ပို့ကုန်များကို ဥရောပသမဂ္ဂက  နှစ်စဉ်   ဒေါ်လာ လေးဘီလီယံဖိုး   အခွန်တိုးကောက် ရန်     လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ယင်းသို့  အခွန်တိုးကောက်ရန် စီစဉ်ရခြင်းမှာ အမေရိကန်က ဘိုးရင်း လေယာဉ်ကုမ္ပဏီကို   ထောက်ပံ့ကြေး  ပေးအပ်ခဲ့သည့်အတွက်    တုံ့ပြန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဥရောပ သမဂ္ဂကပြောသည်။ နိုဝင်ဘာ ၉ ရက် က  ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင်  ဥရောပကော်မရှင်    ဒုတိယ အမှုဆောင်ဥက္ကဋ္ဌ     ဗယ်လ်ဒစ် ဒမ်ဘရော့ဗ်စကစ်က  ဥရောပသမဂ္ဂ အဖွဲ့ကြီးသည်  ၎င်း၏လုပ်ပိုင်ခွင့်ကို  လက်တွေ့   လုပ်ဆောင်တော့မည် ဖြစ်ကာ   ဘိုးရင်းကုမ္ပဏီကိစ္စနှင့် ပတ်သက်၍  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ကြီးက   ကျွန်ုပ်တို့ကို     လုပ်ဆောင်ခဲ့ သည့်အတိုင်း   အမေရိကန်အပေါ် တုံ့ပြန်မည်ဖြစ်ကြောင်း    ပြောကြား သည်။ သို့ရာတွင် ဥရောပသမဂ္ဂသည်  နှစ်ဖက်စလုံးက  လက်ရှိလုပ်ဆောင်နေ ကြသည့်    အပြန်အလှန်လုပ်ဆောင် နေမှုများကို ချက်ချင်းရပ်တန့်ကြရန် အမေရိကန်ကို တိုက်တွန်းခဲ့ကြောင်း သိရသည်။    ပြီးခဲ့သည့်လအတွင်း ကမ္ဘာ့ကုန်သွယ်ရေး     အဖွဲ့ကြီးထံမှ  ခွင့်ပြုချက်ရရှိခဲ့ပြီး     နောက်တွင် ဥရောပသမဂ္ဂသည်  ဘိုးရင်းကုမ္ပဏီ အား အမေရိကန်က  ထောက်ပံ့ကြေး ပေးခဲ့မှုကိုအကြောင်းပြကာ  အမေရိ ကန် အပေါ်           အခွန်တိုးကောက်ရန်    လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း  သိရ သည်။

အင်န်အိတ်ခ်ျကေ