ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ပျဉ်းမနားမြို့နယ်အတွင်းရှိ ငါးတဲစုကျေးရွာ၊ မဲပေါက်ကျေးရွာနှင့် အထက်ပေါင်းလောင်းဆည်သို့ လူထုအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

27-Dec-2020

နေပြည်တော် ဒီဇင်ဘာ ၂၆

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ နေပြည်တော်ကောင်စီ ကောင်စီဝင်(၂) ဦးတင်ထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ်အတွင်းရှိ ငါးတဲစု ကျေးရွာ၊ မဲပေါက်ကျေးရွာနှင့် အထက်ပေါင်းလောင်းဆည် သို့ သွားရောက်ကာ လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism-CBT) နှင့် သင့်တော်သည့် ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးအခြေအနေများ ကို ကွင်းဆင်းလေ့လာကြည့်ရှုသည်။ (ဝဲအောက်ပုံ)

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် အဖွဲ့သည် ငါးတဲစုကျေးရွာနှင့် မဲပေါက်ကျေးရွာများသို့ သွားရောက်ကာ အဆိုပါကျေးရွာများတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) နှင့် သင့်တော်သည့် ခရီးသွား လုပ်ငန်း အကောင်အထည်ဖော်ဆောင်နိုင်မှုများကို လှည့်လည်ကြည့်ရှုပြီး ကျေးရွာအတွင်း နေထိုင်ကြသော ဒေသခံတိုင်းရင်းသားများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ တွေ့ဆုံသည်။

ပံ့ပိုးကူညီဆောင်ရွက်ပေးမည်

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြို့ကြီးပြကြီးများ တွင်သာမက ကျေးရွာများရှိ ဒေသခံများပါ အဓိကလုပ်ကိုင် နိုင်သည့် လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) ကို ဖော်ဆောင်နိုင်ရန်အတွက် အဓိက လာရောက်ခြင်း ဖြစ်ပါ ကြောင်း၊ CBT လုပ်ငန်းကို ဖော်ဆောင်ခြင်းသည် ဒေသခံ များ၏ အလုပ်အကိုင်အခွင့်အလမ်းများကိုရရှိစေပြီး ဒေသ ဖွံ့ဖြိုးရေးကိုလည်း များစွာအထောက်အကူပြုသည့်အတွက် ဖော်ဆောင်ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ CBT ဖော်ဆောင်ရာ တွင် ဖော်ဆောင်မည့်ကျေးရွာများမှ ဒေသခံအချို့ကို လက်ရှိ CBT လုပ်ငန်းတွင် အောင်မြင်ပြီးဖြစ်သည့် CBT ကျေးရွာများသို့ သွားရောက်လေ့လာစေခြင်း၊ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းအတွက် လိုအပ်သည့်သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းတို့ကို ဝန်ကြီးဌာနအနေဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အထက်ပေါင်းလောင်းဆည်သို့ သွားရောက်ကြည့်ရှုလေ့လာ ကြသည်။

မဲပေါက်ကျေးရွာသည် ပျဉ်းမနားမြို့နယ်နှင့် ၂၄ မိုင်ခန့် အကွာအဝေးတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၂၀၀၀ ကျော်တွင် တည်ရှိသည်။ ဒေသခံ များအနေဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် တောင်ယာ လုပ်ငန်းကို လုပ်ကိုင်ကြပြီး ဒေသခံတို့၏ ရိုးရာနေထိုင်မှု ပုံစံများ၊ တောတောင်သဘာဝရှုခင်းများကြောင့် လူထု အခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန် သင့်တော် သည့် ဒေသတစ်ခုဖြစ်သည်။

CBT ခရီးစဉ်သစ်များ ဖော်ဆောင်

အရှေ့တောင်အာရှနိုင်ငံများတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း CBT သည် အောင်မြင်နေသည့် ခရီးသွား လုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် သဘာဝတောတောင် ရေမြေရှုခင်းများ၊ တိုင်းရင်းသားတို့၏ ရိုးရာနေထိုင်မှုပုံစံ များသည် CBT ဖော်ဆောင်ရန် အထူးသင့်တော်သည့် နိုင်ငံဖြစ်သောကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် CBT ခရီးစဉ်သစ်များ ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်