"ဒေးဒရဲ"

ဒေးဒရဲမြို့နယ်သည် အရှေ့မှအနောက် သို့ ၂၅ မိုင်နှင့်တောင်မှမြောက်သို့ ၁၇မိုင်ရှည်လျားပြီး မြို့နယ် ဧရိယာအကျယ်အဝန်း ၁.၄၁၁ စတုရန်းမိုင်ရှိသည်။ ဒေးဒရဲမြို့နယ်၏အရှေ့ဘက်တွင် မုတ္တမပင်လယ်ကွေ့၊ တောင်ဘက်တွင် မုတ္တမပင်လယ်ကွေ့နှင့် ထိစပ် လျက်ရှိပါသည်။ အနောက်ဘက်တွင် ကျိုက်လတ်မြို့နယ်၊ ဖျာပုံမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူးမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။ မြစ်ချောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပါသည်။ ထင်ရှားသောမြစ်(သို့)ချောင်းများမှာ တိုးမြစ်၊ ဖျာပုံမြစ်၊ ကျိုက်လတ်မြစ်၊ ဘိုးတုတ်မြစ်၊ ဒုံရမ်းမြစ်၊ သံဒိမြစ်တို့ဖြစ်ပြီး သင်္ဘော/စက်လှေများလည်း သွားလာနိုင်သော မြစ်များဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

ဒေးဒရဲမြို့နယ်သည် စာအုပ်စာတမ်းအထောက်အထားများအရ သာသနာသက္ကရာဇ်အေဒီ-၁၄၇၆ ခုနှစ်၊မတိုင်မီအချိန်ကပင်မြို့အဖြစ်တည်ရှိနေပြီးစစ်ဘေးဒဏ်ကြောင့်ပြောင်းရွှေ့လာသည့်မွန်လူမျိုးအိမ်ထောင်စု များနေထိုင်ခဲ့ ကြကြောင်း၊ ဒေးဒရဲကို မွန်ဘာသာဖြင့် ဒေးဒြာဟုခေါ်တွင်၍ (ဒေး) သည်ကုန်းဖြစ်ကာ (ဒြာ) သည်သမင်ဖြစ်ကြောင်း သမင်၊ ဒရယ်၊ တိရစ္ဆာန်များနေ ထိုင်ကြသောကုန်း၊ သမင်ကုန်းဟုခေါ်ဆိုလိုကြောင်း (ဒေးဒြာ) မှ (ဒေးဒရာယ်) (ဒေးဒရဲ)  ဟုအဆင့်ဆင့်ခေါ်ဆိုခဲ့ကြခြင်းဖြစ်ပါသည်။ ဒေးဒရဲမြို့ကို လွတ်လပ်ရေးရပြီးကာလတွင် အထက်ပိုင်းနှင့်အောက်ပိုင်းသူကြီးနှစ်ပိုင်းခွဲခြားထားရှိပြီး ကျေးရွာ အုပ်စု ၉၀ တည်ရှိခဲ့ပါသည်။  ၁၉၆၄ ခုနှစ်မှစတင်၍ တော်တော်လှန်ရေးကောင်စီဥက္ကဌမှ ဒေးဒရဲမြို့ကို မြို့အဖြစ်ကြေညာပြီးဒေသ Notifi-Area အဖြစ်ကြေညာကာ နယ်နိမိတ်သတ်မှတ်ခဲ့ပါသည်။ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၁၉၇၂ ခုနှစ်၊သြဂုတ်လ ၃၀ ရက်နေ့ထုတ်ပြန်သည့် အမိန့်ကြေညာစာအရ ရပ်ကွက် ၇ ရပ်ကွက် ဖြင့်လည်းကောင်း၊ ၁၉၇၂ ခုနှစ်၊ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်ရပ်ကွက် ၇ ရပ်ကွက်မှ ၃ ရပ်ကွက်သို့လည်း ကောင်းပြင်ဆင်ဖွဲ့စည်းခဲ့ရာ ယနေ့တိုင်ဖြစ်ပါသည်။ ကျေးရွာအုပ်စုများအနေဖြင့် ၁၉၇၂ခုနှစ်မတိုင်မီ  ၈၈ အုပ်စုရှိခဲ့သော်လည်း ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ၃၀-၁၂-၁၉၇၂ ရက်နေ့ထုတ်ပြန်သည့် အမိန့်ကြေညာစာအရ ကျေးရွာအုပ်စု ၉၀ ၊ ကျေးရွာခွဲ ၃၉၀ ဖြင့် သတ်မှတ်ဖွဲ့စည်းပေးခဲ့ပါသည်။

Attractions in ဒေးဒရဲ