ရွေးကောက်ပွဲလဒ်အပေါ် Trump စိန်ခေါ်မှုကို ရီပတ်ဘလစ်ကန်ခေါင်းဆောင်တချို့အားပေး

11-Nov-2020

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက် သမ္မတ လောင်း Jod Biden အနိုင်ရကြောင်း ခန့်မှန်းသတ်မှတ်ထားမှုတွေကို လက်မခံ ဘဲ တရားရေးဆိုင်ရာ စိန်ခေါ်မှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရပ်တည်ချက်ကို အရေးကြီးတဲ့ ရစ်ပတ်ဘလစ်ကန် ပါတီ ခေါင်းဆောင်တွေက ထောက်ခံမှု ပေးနေကြပါတယ်။

အထက် လွှတ်တော် အမတ် Mitt Romney အပါအဝင် လက်ရှိရစ်ပတ်ဘလင်ကန် အမတ်အနည်းငယ်နဲ့ သမ္မတ George W Bush အပါအဝင် အရင်ရစ်ပတ်ဘလင်ကန် တာဝန်ရှိသူတော်တော် များများကတော့ Joe Biden အနိုင် ရတာကို အသိအမှတ်ပြုထားကြတာပါ။

မဲပေးတာနဲ့ မဲရေတွက်ရာမှာ ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်တွေနဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး တရားရုံးကို လျှောက်ထားနေချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ ရှုံးနိမ့်တာကို မပြောကြားသင့်သေးဘူးလို့ ထိပ်တန်း ရစ်ပတ်ဘလင်ကန်တွေဖြစ်တဲ့ အထက်လွှတ်တော် လူများစု ခေါင်းဆောင် Mitch McConnell နဲ့ အောက်လွှတ်တော် လူနည်းစု ခေါင်းဆောင် Kevin McCarthy တို့က ပြောပါတယ်။

Joe Biden ရဲ့ အသွင်းကူးပြောင်းရေးဆိုင်ရာ အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မလား ဆိုတဲ့ မေးမြန်းချက်ကို နိုင်ငံခြားရေး ဝန်ကြီးMike Pompeo ကလည်း ထရမ့်ရဲ့ ဒုတိယသက်တမ်းအစိုးရ အသွင်ကူးပြောင်းရေး အဆင်ပြေချောမွေ့ လိမ့်မယ်လို့သာဖြေကြားပါတယ်။

လောလောဆယ်မှာတော့ သမ္မတ ထရမ့်ရဲ့ တရားရုံးကို လျှောက်ထားချက် အမှု ၅ ခု ရှုံးနိမ့်ခဲ့ပါတယ်။ နိုင်ငံနဲ့တစ်ဝှမ်း နောက်ထပ် ဒါဇင်နဲ့ ချီတဲ့ ဆုံးဖြတ်ချက်တွေကို တရားသူကြီးတွေ ချမှတ်ကြရလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

လက်ကျန်လျှောက်ထားချက်တွေထဲက တစ်ချို့တစ်လေမှာ သမ္မတထရမ့် အနိုင်ရနိုင်ကောင်း ရနိုင်ပေမယ့် အဲဒီမဲတွေက လောလောဆယ် Joe Biden အနိုင်ရထားတဲ့ မဲအရေအတွက်ကို ပြောင်းလဲပစ်နိုင်အောင် လုံလောက်မှာ မဟုတ်ဘူးလို့လည်း အမေရိကန် နိုင်ငံရေး ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

Crd VOA News