ဇေယျာသီရိမှာ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌနိုင်

09-Nov-2020

နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ USDP ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိသွားတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် ဦးသန်းဌေးက မဲ သုံးသောင်းငါးထောင်ကျော် ရရှိခဲ့ပြီး၊ NLD ပါတီကိုယ်စားလှယ်က ဆန္ဒမဲ နှစ်ထောင့် ကိုးရာကျော်ပဲရရှိခဲ့ပါတယ်။ အဲဒီမဲဆန္ဒနယ်မှာ ဒေါက်တာ မိုးဆွေက NLD ပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဥ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ အချိန်အထိ မဲရလဒ်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။

Crd BBC News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။