မြကျိုင်းတောင်

Listing Description

မြကျိုင်းတောင်သည် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ဆည်တော်ကျေးရွာအနီး တောင်ဘက်တွင် တည်ရှိပါသည်။ တောင်ပေါ်တွင် စေတီပုထိုးများ၊ ရေကန်၊ ဘုန်းကြီးကျောင်းများရှိပါသည်။ နှစ်စဉ်နှစ်တိုင်းဘုရားပွဲတော်ကို တန်ဆောင်မုန်းလတွင် ကျင်းပပါသည်။ ဇာတ်ပွဲများ၊ ဈေးဆိုင်တန်းများ၊ တောင်ပေါ်သို့တက်ရောက်လာကြသူများနှင့် အလွန်စည်ကားလှပါသည်။ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများသည် တန်ဆောင်မုန်းလပြည့်နေ့တွင် နံနက်စောစော တောင်ပေါ်တက်ရောက်ကြသည့် အလေ့အထရှိပြီး အချို့လည်း လိပ်ကန်၊ လွမ်းစေတီ၊ ကရဝိတ်၊ သစ်တစ်ပင်တောင်ထိပ်အထိ တက်ရောက်ကြပါသည်။