ကနန်းတောင်ဘုရား

Listing Description

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကျောက်ထောင့်ကျေးရွာအနီးတွင် တည်ရှိသည်။ ကနန်းတောင်သည် ပွင့်တော်မူပြီးသော ဘုရားရှင်လေးဆူတို့၏ ဗျာဒိတ်တော်ပေးခဲ့သည့် သာသနာထွန်းကားမည့်နေရာတစ်ခုဟု အဆိုရှိသည်။ ဂဝံပတိရသေ့ကြီးအား ဂေါတမဗုဒ္ဓဘုရားရှင် ဤတောင်ပေါ်တွင် ဆံတော်အစစ် ပေးအပ်ချီးမြှင့်ခဲ့ရာ ရသေ့ကြီးက ဆံတော်အား ဌာပနာ၍ စေတီတစ်ဆူတည်ထားကိုးကွယ်ခဲ့ပါသည်။ ယခုအခါ ထိုတောင်တော်ပေါ်တွင် မဟာမုနိရုပ်ပွားတော်မြတ်ကိုလည်း သာသနာ့ဒါယကာ အလှုရှင်များမှ ထပ်မံလှူဒါန်းပူဇော်ထားရှိပါသည်။