ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို မဲအများဆုံးနဲ့ ရွေးကောက်ပွဲအောင်နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်က အတည်ပြုပါတယ်။
ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် ပြည်သူလွှတ်တော်မှာ NLD ပါတီက ခိုင်လုံမဲ ၆၅၉၂၄ မဲရှိပြီး အနိုင်ရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်က ဒီနေ့ မနက်ပိုင်းက ကြေညာခဲ့တာပါ။
ကော့မှူးမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၉၈၆၇၈ မဲရှိပြီး မဲဆန္ဒရှင် ၇၉၁၁၅ က လာရောက်မဲပေးခဲ့ပါတယ်။
ဒီအထဲမှာ ပြည်သူလွှတ်တော်မှာ ခိုင်လုံမဲ ၇၇၄၅၅ ရှိပြီး NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်က ၆၄၉၂၄ မဲ၊ USDP က ၁၁၇၂၇မဲ၊ UBP က ၄၇၈မဲ၊ UNDP ပါတီက ဦးဒေးဗစ်လှမြင့်က ၁၆၉မဲနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးဌေးအောင်က ၃၅မဲ ရရှိခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကစပြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ရွေးကောက်ပွဲ သုံးကြိမ်ရှိပြီဖြစ်ပြီး သုံးကြိမ်လုံး မဲအပြတ်သတ်နဲ့ အောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ကော့မှူးမြို့နယ်မှာ စက်မှုဇုန်တွေတည်ဆောက်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာဖို့ ဒေသခံတွေက လိုလားကြောင်း ပြောကြပါတယ်။
Crd RFA