ဥရောပမှာ တစ်ကျော့ပြန် စစ်ပွဲတွေ ဘာကြောင့် ဖြစ်လာတာလဲ

07-Oct-2020

၆ အောက်တိုဘာ ၂၀၂၀

ရန်စတွေ ရှိခဲ့ဘူးတဲ့ အာမေးနီးယား နဲ့ အဇာဘိုင်ဂျန် တို့အကြားမှာ စစ်ပွဲ နောက်တစ်ကြိမ် ပြန်ဖြစ်လာခဲ့ပါပြီ။ နှစ်နိုင်ငံစလုံးက အရင် ကော့ကေးဆပ် ဒေသက ဆိုဗီယက် ယူနီယံ အဖွဲ့ဝင် ဟောင်းတွေပါ။

စစ်ပွဲဖြစ်ရတာကလည်း နာဂေါ်နို ကရာဘက် ဒေသပိုင်ဆိုင်မှုနဲ့ အငြင်းပွားပြီး စစ်တိုက်တဲ့အထိ ဖြစ်ခဲ့ရတာပါ။ ဒီဒေသဟာ အဇာဘိုင်ဂျန် ပိုင်တာလို့ အသိအမှတ်ပြုခံထားရပေမဲ့ အာမေးနီးယန်းတွေက အုပ်ချုပ် ထိန်းချုပ်ထားတဲ့ နယ်မြေ ဖြစ်ပါတယ်။

ဒီနယ်မြေပိုင်ဆိုင်မှု နဲ့ ပတ်သက်ပြီး နှစ် နိုင်ငံကြား ၁၉၈၀ကျော် နှောင်းပိုင်းခုနှစ် နဲ့ ၁၉၉၀ကျော် အစောပိုင်းခုနှစ်တွေမှာ စစ်ပွဲတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။ အပစ်ရပ်ဖို့ သဘောတူ ခဲ့ကြပေမဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုတော့ ဘယ်တုန်းကမှ မရခဲ့ပါဘူး။

အာမေနီးယန်း လူမျိုး အများစု နေထိုင်တဲ့ နာဂေါ်နို ကရာဘက် ဒေသမှာ တင်းမာမှုတွေ ရှိနေခဲ့ချိန်မှာပဲ အဇာဘိုင်ဂျန်ရဲ့ တစိတ်တပိုင်း ဖြစ်နေတဲ့ဒီဒေသကို အာမေနီးယား ပိုင် ဆိုပြီး ၁၉၈၀ ခုနှစ်မှာ ဆိုဗီယံ ယူနီယံက မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက်မှာ စစ်ပွဲတွေ ဖြစ်ပေါ်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ နှစ်နိုင်ငံကြား အပစ်ရပ်ကြဖို့ သဘောတူ ခဲ့ပြန်ပါတယ်။

အဲဒီ အချိန်က စပြီး နာဂေါ်နို ကရာဘက် အဇာဘိုင်ဂျန်ရဲ့ နယ်မြေ အဖြစ် ဆက်လက် ရှိနေခဲ့ပေမဲ့ အာမေးနီးယားအစိုးရ ထောက်ခံမှု ပေးထားတဲ့ ခွဲထွက်ရေး သမားတွေက ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာက ဆယ်စုနှစ်ကြာ စေ့စပ် ညှိနှိုင်းရေး လုပ်ပေးခဲ့ကြပေမဲ့ နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးတော့ မတည်ဆောက် နိုင်ခဲ့ပါဘူး။

အာမေနီးယား အများစုဟာ ခရစ်ယာန် ဘာသာဝင်တွေဖြစ်ပြီး၊ ရေနံကြွယ်ဝတဲ့ အဇာဘိုင်ဂျန် ကတော့ အစ္စလာမ်ဘာသာဝင် အများစု ဖြစ်ပါတယ်။ အဇာဘိုင်ဂျန်နဲ့ တူရကီ နိုင်ငံတို့ အကြား နီးကပ်တဲ့ ဆက်ဆံရေး ရှိပြီး၊ အာမေနီးယားကိုတော့ ရုရှား က ကျောထောက်နောက်ခံ ပေးထားပါတယ်။ ရုရှားဟာ အဇာဘိုင်ဂျန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးလည်း ရှိပါတယ်။

ကော့ကေးဆပ် ဒေသဟာ ဥရောပ အရှေ့တောင်ဘက်က အရေးပါတဲ့ တောင်တန်းဒေသ ဖြစ်ပါတယ်။ ဒီဒေသကို ရာစုနှစ်များစွာ အတွင်း ခရစ်ယာန်က တစ်လှည့် အစ္စလာမ်ဘာသာဝင်တွေက တစ်လှည့် စိုးမိုး ခဲ့ကြတာပါ။

ဆိုဗီယက် ခေတ်မှာတော့ အာမေးနီးယား အများစုရှိတဲ့ နာဂေါ်နို ကရာဘက် ဒေသကို အဇာဘိုင်ဂျန်ပိုင် အဖြစ် အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

နာဂေါ်နို ကရာဘက် ဒေသမှာ နေထိုင်တဲ့ အာမေးနီးယန်းတွေက ဒီဒေသကို အာမေးနီးယား အစိုးရက ထိန်းချုပ်ဖို့ ဆယ်စုနှစ်ပေါင်းများစွာ တောင်းဆို ခဲ့ကြတာပါ။

၁၉၈၀ ခုနှစ် ဆိုဗီယက် ယူနီယံ ပြိုလဲသွားတဲ့ အချိန်မှာတော့ ဒီဒေသဟာ အာမေးနီးယား လက်အောက်ခံ ဖြစ်ကြောင်း ဒေသဆိုင်ရာ လွှတ်တော်မှာ အတည်ပြု လိုက်ကြပါတယ်။

အဇာဘိုင်ဂျန်ကတော့ ခွဲထွက်ရေးကြိုးစားမှုမှန်သမျှကို ဖိနှိပ်မှုတွေ လုပ်ပါတယ်။ အာမေးနီးယား ဘက်ကတော့ ခွဲထွက်ရေးကို ထောက်ခံ အားပေးပါတယ်။ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပေါ်လာပြီး ဆိုဗီယက် ယူနီယံကနေ အသီးခွဲထွက်ခဲ့ကြပြီးနောက်မှာတော့ ပြင်းထန်တဲ့ စစ်ပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။

နှစ်ဘက်စလုံးက လူမျိုးစုရှင်းလင်းရေးတွေ လုပ်တဲ့အခါမှာ ထောင်နဲ့ချီတဲ့လူတွေ သေဆုံးခဲ့ရ ပြီး၊ လူ တစ်သန်းလောက်ဟာ အဲဒီဒေသတွေကနေ စွန့်ခွာ ထွက်ပြေး ခဲ့ရပါတယ်။

၁၉၉၄ ခုနှစ် ရုရှားရဲ့ ကြားဝင်စေ့စပ်ပေးမှုမတိုင်ခင်မှာ နှစ်ဖက်ကြားအပစ်ရပ်ဖို့သဘောတူခဲ့ ပြီး၊ အဲဒီအချိန်မှာ နာဂေါ်နို ကရာဘက်ကို အာမေးနီးယန်း တပ်ဖွဲ့တွေက ထိန်းချုပ်ခဲ့တာပါ။

အပစ်ရပ်ပြီးတဲ့နောက်မှာတော့ ဒီဒေသဟာ အဇာဘိုင်ဂျန် ရဲ့ နယ်မြေ အစိတ်အပိုင်း အဖြစ် ရှိနေပေမယ့် အဲဒီအချိန်က စပြီး အာမေးနီးယန်း ခွဲထွက်ရေးအဖွဲ့က အုပ်ချုပ်ခဲ့တာပါ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ အဖြစ် ကြေညာခဲ့သလို အာမေးနီးယန်း အစိုးရကလည်း ထောက်ခံ အားပေး ခဲ့ပါတယ်။

အဲဒီမှာ နာဂေါ်နို ကရာဘက်ဒေသဟာ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား တပ်ဖွဲ့တွေ အကြားမှာ ကြားခံဒေသ အဖြစ်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး ပြင်သစ်၊ ရုရှား နဲ့ အမေရိကန် တို့ ပါဝင်တဲ့ ဥရောပ လုံခြုရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OSCE) က စေ့စပ်ပေးမှုကြောင့် ငြိမ်းချမ်းရေး စကားဝိုင်းတွေ ပေါ်ပေါက်လာပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေး စာချုပ်တော့ ချုပ်ဆို နိုင်ခြင်းမရှိသေးပါဘူး၊ နှစ်နိုင်ငံကြားမှာ နှစ်ပေါင်း ၃၀ ကြာ စစ်ပွဲဖြစ်နေခဲ့ပြီး ၂၀၁၆ မှာဖြစ်တဲ့ နောက်ဆုံး စစ်ပွဲ အတွင်းမှာ နှစ်ဘက် တပ်ဖွဲ့ဝင်တွေ အတော်များများ သေဆုံး ခဲ့ကြပါတယ်။

ပထဝီ နိုင်ငံရေး အခြေအနေကြောင့်လည်း နှစ်နိုင်ငံကြားက ပဋိပက္ခဟာ ပိုမိုဆိုးရွားခဲ့ပါတယ်။ နေတိုးအဖွဲ့ဝင် တူရကီဟာ အဇာဘိုင်ဂျန်ကို ပြောင်ပြောင်တင်းတင်း ထောက်ခံအားပေးပါတယ်။

၁၉၉၁ ခုနှစ်မှာ အဇာဘိုင်ဂျန်ကို လွတ်လပ်တဲ့ နိုင်ငံအဖြစ် ပထမဦးဆုံး အသိအမှတ်ပြုခဲ့တာ တူရကီပါ။ တူရကီ သမ္မတဟောင်း ဟိုက်ဒါ အလီယက်ဟာ နှစ်နိုင်ငံ တစ်ပြည်ထောင် အဖြစ် ထုတ်ဖော် ကြေညာခဲ့ဖူးပါတယ်။

နှစ်နိုင်ငံစလုံးက တူရကီ ယဥ်ကျေးမှုကို လက်ခံသလို တားကစ် မျိုးနွယ်တွေ ဖြစ်ကြပါတယ်။ တူရကီ လက်ရှိ သမ္မတ ရီကျက် တိုင်ရစ် အာဒိုဝန်ကလည်း အာဇာဘိုင်ဂျန်ကို ဆက်လက် ထောက်ခံမယ်လို့ ထုတ်ဖော် ဝန်ခံထားတာပါ။

ဒါ့အပြင် နာဂေါ်နို ကရာဘက်ဒေသ အငြင်းပွားမှု ဖြစ်တဲ့ အချိန် ၁၉၉၃ ခုနှစ်မှာ တူရကီက အာမေးနီးယား နဲ့ နယ်စပ်တွေကို ပိတ်ပြစ်ခဲ့ပြီး အာဇာဘိုင်ဂျန်ကို ထောက်ခံကြောင်း ပြသခဲ့တာပါ။

အာမေးနီးယားကတော့ ရုရှားနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိထားပါတယ်။ ရုရှား စစ်အခြေစိုက် စခန်းလည်း အာမေးရီးယားမှာ ရှိပါတယ်။ ဒါ့အပြင် နှစ် နိုင်ငံစလုံးက လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့လို့ ခေါ်တဲ့ (CSTO) အဖွဲ့ဝင် နိုင်ငံတွေပါ။

ဒါပေမဲ့ ရုရှားဟာ အဇာဘိုင်ဂျန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရရှိထားပါတယ်။ မော်စကို အနေနဲ့ ဒီစစ်ပွဲကို ရပ်တန့်ဖို့ တောင်းဆို နေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ အာမေးနီးယားမှာ ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းရေး ဆန္ဒပြမှု ပေါ်ပေါက် ခဲ့ပါတယ်။ ကာလရှည်ကြာ အုပ်ချုပ်ခဲ့တဲ့ ဆက်ဇ် ဆာယန် ရာထူးက ဖြုတ်ချ ခံရပြီး ဆန္ဒပြပွဲကို ဦးဆောင်တဲ့ နီကိုး ပါရှင်ရန်က ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

အာမေးနီးယား ဝန်ကြီးချုပ် ပါရှင်ရန်က တင်းမာမှုတွေကို ဖြေလျော့ဖို့ ကြိုးစားမယ် ဆိုပြီး အဇာဘိုင်ဂျန် သမ္မတ အေဟမ် အလီယက် ကို ကတိပေး ပြောကြား ခဲ့ပါတယ်။ အဲဒီ နောက်မှာ နှစ်နိုင်ငံကြား စစ်ဘက် ဆက်သွယ်ရေး အရေးပေါ် လိုင်းတစ်ခုကို ဖန်တီးလိုက်ကြပါတယ်။

၂၀၁၉ ခုနှစ် မှာတော့ လူထုအတွက် ငြိမ်းချမ်းရေး ရရှိဖို့ အခိုင်အမာ လုပ်ဆောင်လျှက်ရှိကြောင်း နှစ်နိုင်ငံစလုံးက ထုတ်ဖော်ကြေညာ ခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီစကားရပ်တွေ ဟာ လက်ရှိအချိန်အထိ အကောင်အထည် ဖော်နိုင်ခြင်းတော့ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇွန်လမှာ နှစ်နိုင်ငံကြား ပဋိပက္ခတွေ ပေါ်ပေါလာပြီး ပြင်းထန်နဲ့ တိုက်ပွဲတွေကြောင့် နှစ်ဘက် တပ်ဖွဲ့ဝင်တွေကြား အကျအဆုံးအများအပြား ရှိနေတာ ဖြစ်ပါတယ်။

Crd BBC News