USDPကို မဲပေးဖို့ တပ်တွင်းဖိအားပေးခံရတယ်လို့ ရေးသားသူ ထောင် ၉ လကျ

04-Dec-2020

ပြည်ခိုင်ဖြိုးပါတီကို မဲပေးဖို့ တပ်ထဲမှာ ဖိအားပေးခံရတယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့တဲ့ ပခုက္ကူမြို့နယ် အမှတ် ၂၃၅ ခြေလျှင်တပ်ရင်းမှာ မိဘတွေနဲ့အတူ နေထိုင်သူ မသဉ္ဇာသန်းမင်းကို ဒီဇင်ဘာ ၄ ရက်နေ့ သောကြာနေ့ရုံးချိန်းမှာ မြို့နယ်တရားရုံးက ထောင် ၉ လ ချမှတ်လိုက်ပါတယ်။ မသဉ္ဇာသန်းမင်းဟာ လူမှုကွန်ယက်ပေါ်မှာ Live လွှင့်ခဲ့တာကြောင့် တပ်မတော်ဂုဏ်သိက္ခာ ကျဆင်းစေတယ်ဆိုပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က တပ်မတော်က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ အမှုရင်ဆိုင်ရချိန်မှာ သူနဲ့ သူမိသားစုဝင်တွေကို အပြင်လူတွေ တွေ့ဆုံခွင့်မရခဲ့ဘဲ NLD ပါ တီဘက်က တာဝန်ရှိသူတွေအနေနဲ့ သူမကို ကူညီပေးဖို့အတွက် ကြိုးစားကြပေမယ့်လည်း တွေ့ဆုံခွင့် မရခဲ့ကြပါဘူး။

DVB News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။