NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်တဲ့ ကော့မှူးမြို့နယ်၊ ဝါးသိင်္ခ ကျေးရွာမှာ ၅၀ ရာခိုင်နှုန်းကျော်မဲပေးပြီးဖြစ်တယ်လို့ ဆို

08-Nov-2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကော့မှူးမြို့နယ် ထဲက ဝါးသိင်္ခကျေးရွာမှာ မနက်ပိုင်းမှာတင် ၅၀ ရာခိုင်နှုန်းကျော် မဲပေးပြီးပြီလို့ ကော့မှူးမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်း ကိုဇော်မင်းအောင်က ပြောပါတယ်။

အခုအချိန်ထိလည်း ပါတီတွေကြားမှာ အငြင်းပွားမှုမရှိဘဲ အေးအေးချမ်းချမ်းရှိတယ်လို့ ဆိုပါတယ်။

မဲပေးတဲ့အခါမှာ အားလုံးအေးအေးဆေးဆေးနဲ့ ဖြစ်ပြီးတော့ ရွာမှာမဲပေးခွင့်ရှိသူတော်တော်များများက ကျန်းမာရေးလမ်းညွှန်ချက်နဲ့အညီ မဲပေးကြတယ်လို့ဆိုပါတယ်။

ကော့မှူးတစ်မြို့နယ်လုံးမှာ မဲပေးခွင့်ရှိသူက (၉၀၀၀၀) ကျော်ရှိပြီး၊  ဝါးသိင်္ခရွာထဲမှာတော့ မဲရုံသုံးရုံရှိတယ် လို့ ပြောပါတယ်။

ဓာတ်ပုံ-ဇော်မင်းအောင်

ဘီဘီစီမြန်မာပိုင်း