မကွေးတိုင်းမှာ လွှတ်တော်ကိုယ်စားလှယ် (၈၈) နေရာလုံးကို NLD ပါတီကအနိုင်ရရှိတယ် လို့ မကွေးတိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူးဦးစိုးထွဋ္ဋ်ဦး က ပြောပါတယ်။
ပြည်သူ့လွှတ်တော် ၂၅ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁၂ နေရာ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၅၀ နေရာ နဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာတို့မှာ NLD ပါတီ က အနိုင်ရရှိခဲ့တယ်လို့ဆိုပါတယ်။
မကွေးတိုင်းဒေသကြီး အတွင်းမှာ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၆ ယောက် အပါအဝင် ပါတီ ၁၃ ခုက ကိုယ်စားလှယ်လောင်း ၃၉၁ ယောက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။
NLD ပါတီဟာ မကွေးတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွေမှာလည်း အနိုင်ရရှိထားတာဖြစ်ပါတယ်။
ဘီဘီစီမြန်မာပိုင်း
ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။
အင်္ဂပူမှာ NLD ကိုယ်စားလှယ်လောင်းအားလုံး အနိုင်ရ