ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုးသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် ၅၅ နှစ်ရှိပြီဖြစ်သည်။
သရုပ်ဆောင်သီဟတင်စိုးသည် ၂၀၀၀ ပြည့်နှစ်တွင် ကျင်းပသည့် (၄၉) ကြိမ်မြောက် မြန်မာ့ရုပ်ရှင်ဆုပေးပွဲ၌ ငရဲသားရုပ်ရှင်ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆုနှင့် ဒါရိုက်တာဆုတို့ကို ရယူနိုင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
၎င်း၏ဇနီးဖြစ်သူ အကယ်ဒမီဇင်မာဦး သည် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ကွယ်လွန်သည်။