အေးဝတ်ရည်သောင်း

Listing Description

အေးဝတ်ရည်သောင်းကို ၁၉၈၄ ခု၊ မေလ ၂၇ ရက်တွင် ရန်ကုန်၌ မွေးသည်။ ညီအစ်မ ၃ ယောက်အနက် အလတ်ဖြစ်သည်။ အကြီးဖြစ်သော နှင်းဝတ်ရည်သောင်းသည် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အငယ်ဆုံးဖြစ်သော ဆွိဝတ်ရည်သောင်းသည် အဆိုတော် တစ်ဦးဖြစ်သည်။ အ.ထ.က (၂) ရန်ကင်းတွင် အထက်တန်းကျောင်း တက်ရောက်ခဲ့ပြီး ဒဂုံတက္ကသိုလ်မှ ဓာတုဗေဒဘွဲ့ ရရှိခဲ့သည်။

အနုပညာ လောကသို့ သူမ အသက် ၁၃ နှစ်အရွယ် ၁၉၉၇ ခုနှစ်တွင် မော်ဒယ်အဖြစ် စတင်ဝင်ရောက်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ပြည်တွင်းအလှမယ် ခရစ္စမတ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိခဲ့သည်။

သူမအသက် ၁၅ နှစ်အရွယ်မှစ၍ စီးပွားရေးကြော်ငြာပေါင်း ၄၀ ခန့်၊ ဗီဒီယိုဇာတ်ကားပေါင်း ၁၀၀ ကျော်၊ ရုပ်ရှင်ဇာတ်ကား ၃ ကားနှင့် မဂ္ဂဇင်းကာဗာ ဓာတ်ပုံများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့ပြင် တစ်ကိုယ်တော် တေးအယ်လ်ဘမ် “လွယ်လွယ်လေး” စီးရီးလည်း ထွက်ရှိခဲ့သည်။

၂၀၁၄ ခုနှစ်တွင် “ရွှေလွန်းသန်း” အမည်ရှိ ပိုးထည်၊ ချည်ထည်နှင့် ရိုးရာထည်များ ရောင်းချသည့် စတိုးဆိုင်ကို ဖွင့်လှစ်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် “အေးသောင်း” အမည်ဖြင့် လူမှုကွန်ယက် စာမျက်နှာများတွင် ရေပန်းစားလာခဲ့ပြီး ရုပ်ရှင်နှင့် စီးပွားရေးကြော်ငြာများတွင် ပါဝင်သရုပ်ဆောင်ရန် တောင်းဆိုမှုများစွာကို ရရှိခဲ့သည်။ ထို့နောက် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများစွာ ရိုက်ကူးခဲ့ပြီး CHARM – 2၊ ရတနာပုံ၊ မင်္ဂလာရှိတဲ့အရပ် စသည့်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ပြည်တွင်းသာမက ပြည်ပနိုင်ငံများတွင် ရုံတင်ပြသခဲ့သည့် “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် Remax Myanmar နှင့် Samsung Myanmar တို့၏ အမှတ်တံဆိပ်သံတမန် အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

၂၀၁၈ ခုနှစ် မတ်လ 6 ရက်နေ့တွင် Sunkist Myanmar ၏ အမှတ်တံဆိပ်သံတမန် အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်