ကင်းကောင် (၁၉၆၄ - ၂၀၁၉)

Listing Description

၁၉၆၄ ခုနှစ်၊မေလ(၂၁)ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ငယ်အမည်မှာ မျိုးမြင့် ဖြစ်ပြီး မွေးချင်းလေးယောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်၊ မြန်မာစာကျောင်းသားများ စုစည်း၍ ၁၉၈၅ ခုတွင် ဇာဂနာ (ကိုသူရ) က မြပုဏ္ဏမာအမည်ဖြင့် အငြိမ့်ကရာ ထိုအဖွဲ့တွင် အရှည်ကြီး အမည်ဖြင့် ပါဝင်ခဲ့သည်။ နှစ်နှစ်ခန့် ကျင်လည်ပြီးနောက် မြပုဏ္ဏမာအား မြန်မာ့အသံမှ ထုတ်လွှင့်ရန်စီစဉ်သည့်အခါ ဇာဂနာ၏ တိုက်တွန်းချက်ဖြင့် ကင်းကောင် ဟု စင်တက်အမည် ပြောင်းခဲ့သည်။ နန်းမမြိုင်ကရွှေကြာကြီး၊ ရယ်မောစေသော်၊ ဂျီဖုန်း၊ ညာချစ်၊ ဒီလိုကြေးလား၊ အပြင်းစားရိုက်ချက် စသည့် ဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။ 

ဇနီး ဒေါ်အေးအေးမွန် နှင့် ရဲမွန်အောင် အမည်ရ သားတစ်ယောက်ရှိသည်။

ပုပ္ပား၌ ဇာတ်လမ်းတွဲ သွားရောက်ရိုက်ကူးစဉ် ၂၀၁၉ ခု၊ ဇန်နဝါရီလ ၂၂ ရက်၊ နံနက် ၆ နာရီခွဲခန့်တွင် တည်းခိုရာ၌ပင် တိမ်းပါးသည်။ ရုပ်ကလာပ်ကို ရန်ကုန်သို့ ပြန်သယ်လာပြီး ရေဝေးသုဿာန်၌ သင်္ဂြိုဟ်ခဲ့သည်။ ကွယ်လွန်ချိန်၌ အသက် ၅၅ နှစ် ရှိပြီ ဖြစ်သည်။